Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 9:4 - Common Language Bible

4 သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သို့ ရာ တွင် အ သွေး တည်း ဟူ သော အ သက် ပါ ရှိ သည့် အ သား ကို မ စား ကြ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သို့သော် အသက်​တည်းဟူသော အသွေး​ပါရှိ​သည့်​အသား​ကို မ​စား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 9:4
15 ပူးပေါင်းရင်းမြစ်များ  

``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-


``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။-


သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-


သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-


လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။


သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-


သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-


``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''


သွေး​ကို​မူ​ကား​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့ သို့​သွေး​ကို​မြေ​ပေါ်​မှာ​သွန်​ရ​မည်။''


ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။-


ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ