ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
ကမ္ဘာဦး 9:23 - မြန်မာ့စံမီသမ္မာကျမ်း ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ မိမိတို့ပခုံးပေါ်မှာတင်ပြီးလျှင် ကျောခိုင်းဝင်လာကြပြီး မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ဖုံးပေးကြ၏။ သူတို့သည် မျက်နှာကိုလွှဲထားသည်ဖြစ်၍ မိမိတို့ဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို မမြင်ရပေ။ Common Language Bible ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။- Garrad Bible ရှေ မ နှင့် ယာ ဖက် တို့ သည် အ ဝတ် ကို ယူ လျက် ပ ခုံး ထက် တင် ပြီး လျှင် ကျော ခိုင်း ၀င် ၍ အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို ဖုံး လွှမ်း ကြ ၏။ မျက် နှာ လွှဲ လျက်၀င် သော ကြောင့် အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို မ မြင် ရ ကြ။ Judson Bible ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည်ပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်းရှိသည်ကို မမြင်ရ။ |
ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။
အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။