Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 9:23 - Common Language Bible

23 ထို​အ​ခါ​ရှေ​မ​နှင့်​ယာဖက်​တို့​သည်​ဝတ်​ရုံ​တစ်​ထည်​ကို မိ​မိ​တို့​၏​ပ​ခုံး​များ​ပေါ်​တွင်​တင်​၍​ယူ​ခဲ့​ကြ​၏။ သူ​တို့​သည်​တဲ​ထဲ​သို့​ကျော​ခိုင်း​ဝင်​လာ​ကြ​ပြီး​လျှင် သူ​တို့​၏​ဖ​ခင်​အား​လွှမ်း​ခြုံ​ပေး​ကြ​၏။ ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မ​မြင်​စေ​ရန် မျက်​နှာ​လွှဲ​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ရှေ မ နှင့် ယာ ဖက် တို့ သည် အ ဝတ် ကို ယူ လျက် ပ ခုံး ထက် တင် ပြီး လျှင် ကျော ခိုင်း ၀င် ၍ အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို ဖုံး လွှမ်း ကြ ၏။ မျက် နှာ လွှဲ လျက်၀င် သော ကြောင့် အ၀တ် အ ချည်း စည်း ရှိ သော ဖ ခင့် ကိုယ် ကို မ မြင် ရ ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ရှေ​မ​နှင့် ယာ​ဖက်​တို့​သည် အ​ဝတ်​ကို​ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​ပြီး​လျှင်၊ နောက်​သို့​ဆုတ်​သွား၍ မိ​မိ​အ​ဘ၌၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို ဖုံး​ကြ၏။ သူ​တို့​သည်​ပြင်​သို့​မျက်​နှာ​ပြု​သော​ကြောင့်၊ မိ​မိ​အ​ဘ၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို မ​မြင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ရှေမ​နှင့်​ယာဖက်​တို့​သည် အဝတ်​ကို​ယူ​၍ မိမိ​တို့​ပခုံး​ပေါ်မှာ​တင်​ပြီးလျှင် ကျောခိုင်း​ဝင်လာ​ကြ​ပြီး မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို ဖုံး​ပေး​ကြ​၏​။ သူ​တို့​သည် မျက်နှာ​ကို​လွှဲ​ထား​သည်​ဖြစ်၍ မိမိ​တို့​ဖခင်​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို မ​မြင်​ရ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 9:23
11 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​၏​ဖ​ခင်​ဟာ​မ​သည်​သူ​၏​ဖ​ခင်​ကိုယ်​တုံး​လုံး​ရှိ​သည့်​အ​ဖြစ်​ကို​မြင်​ရ​လျှင် အ​ပြင်​သို့​ထွက်​၍​အစ်​ကို​နှစ်​ယောက်​တို့​အား​ပြော​ပြ​လေ​၏။-


နော​ဧ​အ​မူး​ပြေ​၍​သ​တိ​ရ​လာ​သ​ဖြင့် အ​ငယ်​ဆုံး​သား​ပြု​မူ​ပုံ​ကို​သိ​ရှိ​ရ​သော​အ​ခါ၊


``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။


``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။


သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။


ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-


သင့်​ထက်​အ​သက်​ကြီး​သော​သူ​အား​ပြစ်​တင် ဆုံး​မ​ခြင်း​ကို​မ​ပြု​ဘဲ​သင်​၏​ဖ​ခင်​သ​ဖွယ် တောင်း​ပန်​ပြော​ဆို​လော့။ သင့်​ထက်​အ​သက်​ငယ် သော​သူ​တို့​အား​သင်​၏​ညီ​များ​ကဲ့​သို့​လည်း ကောင်း၊-


သင်း​အုပ်​ဆ​ရာ​အ​လုပ်​ကို​ကောင်း​စွာ​လုပ်​ဆောင် သူ​တို့​သည် လ​စာ​ငွေ​နှစ်​ဆ​ခံ​စား​ထိုက်​သူ​များ ဖြစ်​သည်​ဟု​မှတ်​ယူ​အပ်​၏။ အ​ထူး​သ​ဖြင့် တ​ရား​ဟော​ခြင်း၊ ဆုံး​မ​သွန်​သင်​ခြင်း​တို့​ကို ကြိုး​စား​၍​လုပ်​ဆောင်​သူ​များ​သည်​ယင်း​သို့ ခံ​စား​ထိုက်​ပေ​သည်။-


သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-


ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။


အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ