ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
ကမ္ဘာဦး 9:20 - မြန်မာ့စံမီသမ္မာကျမ်း နောဧသည် စိုက်ပျိုးရေးသမားဖြစ်လာ၍ စပျစ်ခြံကို စိုက်ပျိုးလေ၏။ Common Language Bible နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။- Garrad Bible နော ဧ သည် မြေ ကို လုပ် ကိုင် သ ဖြင့် စ ပျစ် ခြံ ကို ရှေး ဦး အ စ ပြု၍ စိုက် ပျိုး သည့် အ တိုင်း၊ Judson Bible နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ |
ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
တစ်ဖန် သူ့ညီအာဗေလကိုမွေးဖွားလေ၏။ အာဗေလသည် သိုးထိန်းဖြစ်၏။ ကာဣနမူကား မြေကိုထွန်ယက်လုပ်ကိုင်သောသူဖြစ်၏။
“ဤသားသည် ထာဝရဘုရားကျိန်တော်မူသောမြေကြီးပေါ်၌ ငါတို့လုပ်ရသောအလုပ်နှင့် ငါတို့လက်ဖြင့်လုပ်ရသောပင်ပန်းခက်ခဲမှုမှ ငါတို့ကိုသက်သာရာရစေသောသားဖြစ်လိမ့်မည်”ဟု ဆိုလျက် သူ၏အမည်ကို နောဧ ဟုမှည့်ခေါ်လေ၏။
ဤသူသုံးယောက်တို့သည် နောဧ၏သားများဖြစ်ကြပြီး သူတို့မှတစ်ဆင့် ကမ္ဘာမြေတစ်ခွင်လုံးသို့ လူတို့ ပြန့်ပွားသွားကြ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်စမ်းရေတွင်းဖြစ်၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်တတ်၏။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ငါသည် ပျင်းရိသောသူ၏လယ်ယာနား၊ အသိစိတ်မရှိသောသူ၏စပျစ်ခြံနားမှ ဖြတ်သွားရာ
မြေကြီးမှရသောအကျိုးသည် အားလုံးအတွက်ဖြစ်၏။ ရှင်ဘုရင်သည်လည်း လယ်ယာ၏ကျေးဇူးကိုခံရ၏။
အကျွန်ုပ်သည် နေလောင်ခံရ၍ အသားမည်းသဖြင့် အကျွန်ုပ်ကို မကြည့်ပါနှင့်။ အကျွန်ုပ်နှင့်တစ်မိတည်းဖွားသောသားတို့သည် အကျွန်ုပ်ကို စိတ်ဆိုး၍ စပျစ်ခြံစောင့်အဖြစ် ထားပါ၏။ ကိုယ့်စပျစ်ခြံကိုပင် ကိုယ်မစောင့်ရပါ။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
စပျစ်ခြံစိုက်ပျိုး၍ ခြံထွက်စပျစ်သီးမစားရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုစပျစ်သီးကိုစားလိမ့်မည်။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။