တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ မိုးကောင်းကင်ငှက်ရှိသမျှ၊ မြေပေါ်မှာတွားသွားသောသတ္တဝါရှိသမျှနှင့် ပင်လယ်ငါးရှိသမျှတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်သို့ ငါအပ်ပြီ။
တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။-
သား ယဉ် သား ရဲ၊ လေ သ တ္တ ဝါ အ စ ရှိ သော မြေ ပေါ် မှာ တွား တတ် သ မျှ နှင့် ရေ သ တ္တ ဝါ အ ပေါင်း တို့ သည်၊ သင် တို့ ကို ကြောက် ရွံ့ တုန် လှုပ် ခြင်း သ ဘော ရှိ ကြ ရ လိမ့် မည်။ ၎င်း တို့ ကို သင် တို့ လက် သို့ ငါ အပ် ပေး ၏။
မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ငါအပ်၏။
ဘုရားသခင်သည် ကြီးမားသောပင်လယ်သတ္တဝါများနှင့် ရေ၌ပြည့်နှက်နေသည့် လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအမျိုးမျိုးတို့ကို အမျိုးအလိုက်၊ တောင်ပံရှိသောငှက်အမျိုးမျိုးတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
ဘုရားသခင်သည် နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေကြလော့။
အသက်ရှင်၍ လှုပ်ရှားသွားလာတတ်သောသတ္တဝါရှိသမျှသည် သင်တို့၏စားစရာဖြစ်လိမ့်မည်။ စိမ်းလန်းသောအပင်တို့ကို သင်တို့အား ငါပေးသကဲ့သို့ ခပ်သိမ်းသောအရာတို့ကို သင်တို့အား ငါပေး၏။
သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
ငါသည် သင်တို့ထဲသို့ တောရိုင်းတိရစ္ဆာန်ကို ဝင်ရောက်စေသဖြင့် ထိုတိရစ္ဆာန်သည် သင်တို့၏သားသမီးကို ကိုက်သတ်၍ သင်တို့၏တိရစ္ဆာန်ကို ဖျက်ဆီးလိမ့်မည်။ သင်တို့ကို လျော့နည်းစေ၍ သင်တို့၏လမ်းများသည် လူသူကင်းမဲ့လိမ့်မည်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။
လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။