ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ သက်ရှိသတ္တဝါအပေါင်းတို့ကြား၌လည်းကောင်း၊ ငါပြုသောပဋိညာဉ်ကိုအောက်မေ့သဖြင့် သတ္တဝါအပေါင်းတို့ကိုဖျက်ဆီးမည့် ရေလွှမ်းမိုးခြင်း ဖြစ်တော့မည်မဟုတ်။
သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
သင် တို့ မှ စ၍ သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး တို့ က တစ် ဘက်၊ ငါ ပြု သော ပ ဋိ ညာဥ် ကို ငါ အောက် မေ့ သ ဖြင့် ခပ် သိမ်း သော သ တ္တ ဝါ တို့ ကို ဖျက် ဆီး ရန် တစ် ဖန် ရေ သည် လွှမ်း မိုး သော ဘေး မ ဖြစ် စေ ရ။
ထိုအခါငါတစ်ဖက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တစ်ဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကိုငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးခြင်းငှာ၊ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
သင်တို့နှင့်အတူရှိသည့် သက်ရှိသတ္တဝါအပေါင်းတည်းဟူသော ငှက်များ၊ ယဉ်ပါးသောတိရစ္ဆာန်များမှစ၍ သင်တို့နှင့်အတူရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့၌လည်းကောင်း၊ သင်္ဘောထဲမှထွက်လာသောသူရှိသမျှနှင့် တောရိုင်းတိရစ္ဆာန်ရှိသမျှတို့၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ငါတည်စေမည်။
သင်တို့၌တည်စေသော ငါ၏ပဋိညာဉ်မှာ ‘သတ္တဝါအပေါင်းတို့သည် ရေလွှမ်းမိုးမှုအားဖြင့် မည်သည့်အခါမျှ ဖယ်ရှားခြင်းခံရတော့မည်မဟုတ်။ မြေကြီးကိုဖျက်ဆီးမည့်ရေလွှမ်းမိုးခြင်းသည် မည်သည့်အခါမျှ ဖြစ်ပေါ်တော့မည်မဟုတ်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် မြေကြီးအထက်မိုးကောင်းကင်၌ မိုးတိမ်တက်လာစေ၍ ထိုမိုးတိမ်၌ သက်တံထင်ရှားသောအခါ
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ အထက်ကောင်းကင်၊ အောက်မြေကြီးပေါ်တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်သော ကိုယ်တော်၏အစေအပါးတို့အား ကရုဏာတော်ကို ပြတော်မူပြီ။ ပဋိညာဉ်ကို တည်စေတော်မူပြီ။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
‘သို့သော် သင်ငယ်စဉ်က သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို အောက်မေ့၍ ငါသည် သင်နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊