ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ကမ္ဘာဦး 8:20 - မြန်မာ့စံမီသမ္မာကျမ်း နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ Common Language Bible နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။- Garrad Bible နော ဧ လည်း ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ဆောက် ပြီး မှ သန့် သော သား ကောင်၊ သန့် သော ကြက် ငှက် အ မျိုး မျိုး ထဲ မှ ယူ၍ ၎င်း ပ လ္လင် တော် ပေါ် မှာ မီး ရှို့ ရာ သ က္ကာ ကို ဆက် ကပ် သော်၊ Judson Bible နောဧသည်လည်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။ |
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။
ကိုယ်တော်ကလည်း “သင်၏သား၊ သင်ချစ်သော သင်၏တစ်ဦးတည်းသောသား ဣဇက်ကိုခေါ်၍ မောရိပြည်သို့သွားလော့။ ထိုအရပ်၌ သင့်အားငါပြမည့်တောင်တစ်လုံးပေါ်တွင် သူ့ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်မိန့်တော်မူသောအရပ်သို့ရောက်သောအခါ အာဗြဟံသည် ထိုအရပ်တွင် ယဇ်ပလ္လင်ကိုတည်၍ ထင်းများကိုစီပြီးလျှင် မိမိသားဣဇက်ကိုချည်နှောင်လျက် ယဇ်ပလ္လင်အပေါ်ရှိ ထင်းများပေါ်တွင် သူ့ကိုတင်လေ၏။
ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။
တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
မောရှေကလည်း “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ယဇ်ကောင်များနှင့် မီးရှို့ရာယဇ်များကို အရှင်သည် အကျွန်ုပ်တို့အား ယူသွားခွင့်ပြုရမည်။
ထိုသိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။