ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
ကမ္ဘာဦး 50:15 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်၏အစ်ကိုတို့သည် မိမိတို့ဖခင်သေဆုံးပြီဖြစ်ကြောင်းသိမြင်လျှင် သူတို့က “ယောသပ်သည် သူ့အပေါ်ငါတို့ပြုခဲ့သည့်မကောင်းမှုရှိသမျှအတွက် အငြိုးထားလျှင် ငါတို့ကို ပြန်၍လက်စားချေလိမ့်မည်”ဟု ဆိုပြီး Common Language Bible ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။- Garrad Bible ယော သပ် အစ် ကို တို့ သည် အ ဘ သေ ကြောင်း သိ၍ ငါ တို့ ပြု ခဲ့ သ မျှ သော အ ဆိုး ကို ယော သပ် ရန် ငြိုး ထား လျက် လက် စား ချေ မည် ဟု စိုး ရိမ် သ ဖြင့်၊ Judson Bible ယောသပ်အစ်ကိုတို့သည် အဘသေသည်ကိုသိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်းထားလိမ့်မည်။ ငါတို့သည် အထက်ကသူ့ကိုညှဉ်းဆဲသောကြောင့်၊ ငါတို့အားဧကန်အမှန်ပြန်၍ ညှဉ်းဆဲလိမ့်မည်ဟုစိုးရိမ်လျက်၊ |
ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
ဖခင်ကို သင်္ဂြိုဟ်ပြီးနောက် ယောသပ်သည် မိမိညီအစ်ကိုတို့မှစ၍ ဖခင်ကိုသင်္ဂြိုဟ်ရန်လိုက်ပါသွားသောသူအပေါင်းတို့နှင့်အတူ အီဂျစ်ပြည်သို့ ပြန်လာ၏။
ဘုရားသခင်သည် ဖြောင့်မတ်သောသူ၏ မျိုးဆက်နှင့်အတူရှိတော်မူသောကြောင့် သူတို့သည် အလွန်ကြောက်ရွံ့ကြပြီတကား။
သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။