သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
ကမ္ဘာဦး 49:29 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယာကုပ်က သူတို့အား “ငါသည် ငါ့လူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ ဟိတ္တိလူမျိုး၊ ဧဖရုန်၏လယ်၌ရှိသောလိုဏ်ဂူထဲ၌ ငါ့ကို ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြလော့။ Common Language Bible ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။- Garrad Bible တစ် ဖန် တုံ ယာ ကုပ် က၊ ဘိုး ဘေး တို့ ထံ ငါ သွား ရ တော့ မည်။ ခါ နာန် ပြည် မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန် ပိုင် သော မ ပ္ပေ လ ခေါ် မြေ ကွက် နှင့် တ ကွ ဂူ ကို သင်္ချိုင်း ပိုင် ဖြစ် စေ ရန် ထို သူ့ ထံ အာ ဗြ ဟံ ဝယ် ခဲ့ သည့် ဂူ တွင် ဘိုး ဘ တို့ နှင့် အ တူ ငါ့ ကို သင်္ဂြိုဟ် ကြ လော့။ Judson Bible တစ်ဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏လယ်ပြင်တွင်ရှိသောမြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြပါ။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
ဤသို့ဖြင့် မံရေမြို့အရှေ့၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်၊ ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူနှင့် လယ်၏လယ်စပ်ပတ်လည်ရှိ သစ်ပင်အားလုံးတို့ကို
ဤသို့ဖြင့် ဟေသအမျိုးသားတို့သည် ထိုလယ်နှင့်တကွ လယ်ထဲရှိလိုဏ်ဂူကို အာဗြဟံ၏ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် အတည်ပြုကြလေ၏။
သူ၏လယ်အစွန်ရှိ သူပိုင်ဆိုင်သည့်မပ္ပေလလိုဏ်ဂူကို အကျွန်ုပ်အားရောင်းပေးရန် အကျွန်ုပ်အတွက် ပြောပေးကြပါ။ ၎င်းကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် သင်တို့ရှေ့တွင် တန်ရာတန်ကြေးအပြည့်ဖြင့် အကျွန်ုပ်အားရောင်းပေးစေပါ”ဟု သူတို့အား ပြောလေ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
ဤသူအပေါင်းတို့သည် အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်ဖြစ်၏။ ဤသည်ကား သူတို့၏ဖခင်သည် သူတို့အသီးသီးရထိုက်သောကောင်းချီးမင်္ဂလာအတိုင်း သူတို့အားကောင်းချီးပေးသောအခါ မြွက်ဆိုသောစကားဖြစ်၏။
ယာကုပ်သည် သူ၏သားတို့ကိုမှာကြားပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ယာကုပ်၏သားတို့သည် မိမိတို့အား ဖခင်မှာကြားထားသည့်အတိုင်း မိမိတို့ဖခင်အတွက်ပြုကြ၏။
ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
ကျွန်တော်မျိုး ပြန်သွားပါရစေ။ အကျွန်ုပ်၏မိဘတို့သင်္ချိုင်းရှိရာ အကျွန်ုပ်၏ဇာတိမြို့တွင်ပင် အကျွန်ုပ် သေပါရစေ။ အရှင့်အစေအပါး ခိမဟံ ရှိပါ၏။ သူ့ကို အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ တစ်ဖက်ကမ်းသို့ ခေါ်သွား၍ အလိုရှိသည့်အတိုင်း သူ့အတွက် ပြုပေးပါ”ဟု လျှောက်တင်လေ၏။
ကောင်းကင်ဘုံစာရင်းဝင်သော သားဦးတို့၏အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း၊