သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
ကမ္ဘာဦး 48:20 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုနေ့၌ အစ္စရေးသည် သူတို့အား “အစ္စရေးအမျိုးသားတို့သည် သင်တို့ကိုအစွဲပြု၍ ‘ဘုရားသခင်သည် သင့်ကို ဧဖရိမ်နှင့် မနာရှေကဲ့သို့ ဖြစ်စေတော်မူပါစေသော’ဟူ၍ အချင်းချင်း ကောင်းချီးပေးကြလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။ ထိုသို့ အစ္စရေးသည် ဧဖရိမ်ကို မနာရှေ၏ရှေ့၌ နေရာချလေ၏။ Common Language Bible သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။ Garrad Bible တစ် ဖန် ထို သူ တို့ အား ကောင်း ကြီး ပေး သည် မှာ ဣ သ ရေ လ လူ မျိုး တို့ က၊ ဘု ရား သ ခင် သည် ဧ ဖ ရိမ် နှင့် မ နာ ရှေ တို့ ကို ပြု သ ကဲ့ သို့ ပြု တော် မူ ပါ စေ သော ဟူ၍ သင့် အား ဖြင့် ကောင်း ကြီး ပေး ကြ လ တ္တံ့ ဟု ဆို လျက် ဧ ဖ ရိမ် ရှေ့၊ မ နာ ရှေ နောက်၊ ထား သ တည်း။ Judson Bible တစ်ဖန်ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့လည်းကောင်း၊ မနာရှေကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းချီးပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကိုကောင်းချီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း။ |
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
သင်သည် လူမျိုးကြီးဖြစ်လာသည့်တိုင်အောင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းချီးပေး၍ သင့်ကို တိုးပွားများပြားစေတော်မူပါစေသော။
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ဤသည်ကား ခါနာန်ပြည်ကို စူးစမ်းရန် မောရှေစေလွှတ်သောသူတို့၏အမည်များဖြစ်၏။ မောရှေသည် နုန်၏သား ဟောရှေကို ယောရှုဟု မှည့်ခေါ်၏။
သတ္တမနေ့၌ ဧဖရိမ်သားမြေးတို့၏ခေါင်းဆောင်၊ အမိဟုဒ်၏သားဧလိရှမာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
အဋ္ဌမနေ့၌ မနာရှေသားမြေးတို့၏ခေါင်းဆောင်၊ ပေဒါဇုရ၏သား ဂါမလျေလ ယူဆောင်လာသော ပူဇော်သက္ကာများမှာ
ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
တစ်နေ့တွင် ယောသပ်အမျိုးသားတို့က ယောရှုအား “အဘယ်ကြောင့် အကျွန်ုပ်တို့အား ဝေစုတစ်စုတည်းကိုသာ မဲချခွဲဝေပေးသနည်း။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူသဖြင့် ယခု အကျွန်ုပ်တို့၏လူဦးရေတိုးပွားနေပြီ”ဟု လျှောက်ဆိုလေ၏။