ကမ္ဘာဦး 28:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်သည် လူမျိုးကြီးဖြစ်လာသည့်တိုင်အောင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင့်ကိုကောင်းချီးပေး၍ သင့်ကို တိုးပွားများပြားစေတော်မူပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible3 အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible3 အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် သင့် ကို ကောင်း ကြီး ပေး၍ လူ မျိုး အ မြောက် အ မြား ဖြစ် စေ ရန် တိုး ပွား စေ တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းချီးပေး၍တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
သင့်ဖခင်၏ဘုရားသခင်သည် သင့်ကို ကူညီမစတော်မူမည်။ အနန္တတန်ခိုးရှင်သည် သင့်အား အထက်မိုးကောင်းကင်၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထု၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း၊ သားမြတ်နှင့်သားအိမ်တို့၏ကောင်းချီးမင်္ဂလာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူမည်။