ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 48:14 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။ Common Language Bible သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊ Garrad Bible ဣ သ ရေ လ သည် လက် ကို လိမ် ဆန့်၍ သား ငယ် ဖြစ် သော ဧ ဖ ရိမ့် ဦး ခေါင်း ပေါ် တွင် ညာ လက် ကိုလည်း ကောင်း၊ သား ဦး ဖြစ် သော မ နာ ရှေ့ ဦး ခေါင်း ပေါ် တွင် ဘယ် လက် ကို လည်း ကောင်း တင် လျက် Judson Bible မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသရေလသည် မိမိလက်တို့ကိုဆန့်၍ လိမ္မာစွာပဲ့ပြင်လျက်၊ အသက်ငယ်သောသူဧဖရိမ်၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ခေါင်းပေါ်မှာတင်၏။ |
ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
ထို့နောက် ယောသပ်သည် မိမိ၏သားနှစ်ယောက်ကိုယူ၍ မိမိလက်ယာဘက်၌ရှိသောဧဖရိမ်ကို အစ္စရေး၏လက်ဝဲဘက်သို့လည်းကောင်း၊ မိမိလက်ဝဲဘက်၌ရှိသောမနာရှေကို အစ္စရေး၏လက်ယာဘက်သို့လည်းကောင်း ချဉ်းကပ်စေ၏။
ဖခင်သည် ဧဖရိမ်၏ခေါင်းပေါ်၌ လက်ယာလက်တင်ထားသည်ကို ယောသပ်မြင်သောအခါ ဘဝင်မကျသဖြင့် ဧဖရိမ်၏ခေါင်းပေါ်မှ မနာရှေ၏ခေါင်းပေါ်သို့ရွှေ့ရန် ဖခင်၏လက်ကို ကိုင်၍
ယောသပ်က ဖခင်အား “ထိုသို့မဟုတ်ပါ၊ အဖေ။ ဤတစ်ယောက်သည် သားဦးဖြစ်ပါ၏။ အဖေ၏လက်ယာလက်ကို သူ့ခေါင်းပေါ်၌တင်ပါလော့”ဟု ဆို၏။
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏လက်ယာလက်တော်သည် ချီးမြှောက်ခြင်းရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။
ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
လေဝိအမျိုးတို့ကို ထာဝရဘုရားရှေ့တော်သို့ ခေါ်ဆောင်လာပြီးလျှင် အစ္စရေးအမျိုးသားတို့သည် လေဝိအမျိုးတို့အပေါ် လက်ကို တင်ရမည်။
အစ္စရေးအမျိုးသားတို့ထဲမှ သားဦးအားလုံးအစား လေဝိအမျိုးတို့ကို ငါရွေးယူပြီ။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ပြန်လည်တည့်မတ်သွား၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။
နေဝင်ချိန်ရောက်သောအခါ လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်သို့ လက်တော်ကိုတင်၍ သူတို့ကိုကျန်းမာစေတော်မူ၏။
ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။
မောရှေသည် နုန်၏သား ယောရှုအပေါ် လက်တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာနှင့်ပြည့်ဝ၏။ အစ္စရေးအမျိုးသားတို့သည် သူ၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်းပြုကြ၏။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။