Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့နောက် လက်​တော်​တင်​လျက် ဆုတောင်း​ပေး​စေရန် လူ​တို့​သည် ကလေး​သူငယ်​များ​ကို အထံတော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် တပည့်​တော်​တို့​သည် သူ​တို့​ကို​ဆူငေါက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို နောက် လက် တော် တင်၍ ပ ဌ နာ ပြု ခြင်း ငှာ သူ ငယ် တို့ ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ကြ သော် တ ပည့် တော် တို့ ဆုံး မ ကြ သည် နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 တစ်နေ့​တွင် အချို့​မိဘများ​သည် မိမိတို့​၏​သားသမီးများ​အပေါ် ကိုယ်တော်​၏​လက်တော်​တင်​၍ ဆုတောင်းပေး​စေရန် ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့​သည် ထို​သူတို့​ကို ဟန့်တားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

13 ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:13
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် “​သခင်​၏​ဖခင် နာမကျန်း​ဖြစ်​နေ​၏​”​ဟု ယောသပ်​ကြား​ရ​လျှင် သား​နှစ်​ယောက်​ဖြစ်​သော မနာရှေ​နှင့်​ဧဖရိမ်​ကို မိမိ​နှင့်အတူ ဖခင်​ထံသို့ ခေါ်ဆောင်​သွား​လေ​၏​။


ငါ့​ကို အစဉ်​ကြောက်ရွံ့ရိုသေ​ခြင်း​အားဖြင့် သူ​တို့​နှင့် နောင်လာမည့်​သူ​တို့​၏​သားသမီး​များ ကောင်းစား​ဖို့ တစ်ခုတည်း​သော​စိတ်သဘော​၊ တစ်ခုတည်း​သော​နည်းလမ်း​ကို သူ​တို့​အား ငါ​ပေး​မည်​။


ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။


အကြောင်းမူကား အမိ​ဝမ်းတွင်း​က​ပင် အိမ်ထောင်​ပြု​နိုင်စွမ်း​မ​ရှိ​ဘဲ မွေး​လာ​သော​သူ​များ​ရှိ​ကြ​၏။ လူ​တို့​ကြောင့် အိမ်ထောင်ပြု​နိုင်စွမ်း​ကို စွန့်လွှတ်​ရ​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ကောင်းကင်​နိုင်ငံ​တော်​အတွက် အိမ်ထောင်ပြု​နိုင်စွမ်း​ကို ကိုယ်တိုင်​စွန့်လွှတ်​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ဤ​အရာ​ကို ခံယူ​နိုင်​သော​သူ​သည် ခံယူ​စေ”​ဟု မိန့်​တော်မူ​၏။


လူထု​ပရိသတ်​သည် သူ​တို့​ကို​တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​တို့​သည် “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော် အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။


အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။


အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။


သူငယ်​နို့ပြတ်​ပြီးမှ ဟန္န​သည် နွားထီး​သုံး​ကောင်​၊ မုန့်ညက်​တစ်​ဧဖာ​၊ စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​ပြီးလျှင် သူငယ်​ကို ထာဝရဘုရား​၏​အိမ်​တော်​ရှိ​ရာ ရှိလော​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ သူငယ်​ကား အလွန်​နုနယ်​သေး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ