ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
ကမ္ဘာဦး 48:11 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။ Common Language Bible ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။- Garrad Bible သင့် မျက် နှာ ကို မြင် ရ တော့ မည် ဟု ငါ မ ထင် ခဲ့ သော် လည်း သင့် သား များ ကို ပင် ဘု ရား သ ခင် ပြ တော် မူ ပြီ ဟု ယော သပ် အား ဆို ၏။ Judson Bible ဣသရေလကလည်း၊ ငါသည်သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။ |
ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
အစ္စရေးသည် အသက်ကြီးသောကြောင့် မျက်စိမှုန်၍မမြင်နိုင်ပေ။ ထို့ကြောင့် ယောသပ်သည် သူ၏သားတို့ကို အစ္စရေးအနီးသို့ခေါ်လာ၏။ ထိုအခါ အစ္စရေးသည် ယောသပ်၏သားတို့ကိုနမ်းပြီး ပွေ့ဖက်လေ၏။
ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
သင့်သားသမီးတို့၏သားသမီးများကိုလည်း တွေ့မြင်ရပါစေသော။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
မြေးတို့သည် အသက်ကြီးသောသူတို့၏သရဖူဖြစ်၏။ သားသမီးတို့၏ဂုဏ်ကျက်သရေကား သူတို့၏မိဘဘိုးဘွားဖြစ်ကြ၏။
ငါတို့ထဲ၌ သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊ သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက် သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌