“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
ကမ္ဘာဦး 47:25 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “သခင်သည် အကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပါပြီ။ အကျွန်ုပ်တို့သည် သခင့်ရှေ့၌ မျက်နှာရပါစေသော။ အကျွန်ုပ်တို့သည် ဖာရောမင်းကြီးထံကျွန်ခံကြပါမည်”ဟု လျှောက်ကြ၏။ Common Language Bible ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။- Garrad Bible ထို သူ တို့ က၊ အ ရှင် သည် ကျွန် တော် မျိုး တို့ အ သက် ကို ဆယ် ခဲ့ ပါ ပြီ။ မျက် နှာ သာ ရ လျက် ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည် ဟု လျှောက် ကြ ၏။ Judson Bible သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကိုကယ်ပါပြီ။ သနားသောစိတ်နှင့်ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ဧသောကလည်း “ငါ၌ရှိသောလူအချို့ကို သင်နှင့်ထားခဲ့ပါရစေ”ဟု ဆိုလျှင် ယာကုပ်က “အဘယ်အတွက်နည်း။ အကျွန်ုပ်သည် သခင့်ရှေ့၌ ဤမျှမျက်နှာရပါပြီ”ဟု ပြန်ပြောလေ၏။
ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။