ကမ္ဘာဦး 6:19 - မြန်မာ့စံမီသမ္မာကျမ်း19 သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။ အခန်းကိုကြည့်ပါ။Common Language Bible19-20 အသက်ချမ်းသာရာရစေရန်တိရစ္ဆာန်နှင့်ငှက် အမျိုးမျိုးမှ အဖိုနှင့်အမတစ်စုံစီတို့ကို သင်နှင့်အတူသင်္ဘောထဲသို့ဝင်စေလော့။- အခန်းကိုကြည့်ပါ။Garrad Bible19 သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး ထဲ မှ အ ထီး အ မ အ စုံ ကို သင် နှင့် အ တူ အ သက် ချမ်း သာ စေ ခြင်း ငှါ သင်္ဘော တွင်း သို့ သွင်း ထား ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible19 အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှာ၊ သင်္ဘောထဲသို့ သွင်းရမည်။ အခန်းကိုကြည့်ပါ။ |
သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။