သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ကမ္ဘာဦး 47:24 - မြန်မာ့စံမီသမ္မာကျမ်း အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။ Common Language Bible စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။ Garrad Bible ရိတ် သိမ်း ချိန် တွင် ငါး ဖို့ တစ် ဖို့ ကို ဖာ ရော မင်း အား ဆက် သွင်း၍ လေး ဖို့ မူ ကား မျိုး စိုက် ပျိုး စေ ရန် လည်း ကောင်း၊ သင် တို့ မှ စ၍ သူ ငယ် တို့ နှင့် အိမ် သူ အိမ် သား တို့ သုံး ဆောင် စေ ရန် လည်း ကောင်း၊ သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟု ဆို လျှင်၊ Judson Bible အသီးအနှံကိုရသောအခါ၊ ငါးဖို့တွင်တစ်ဖို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တစ်ဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
သောဒုံဘုရင်က “လူတို့ကို ငါ့အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား သင့်အဖို့ယူပါလော့”ဟု အာဗြံအားဆိုလေ၏။
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
အရှင်ဖာရောမင်းကြီး ခန့်ထားသောသူသည်လည်း တိုင်းပြည် ကြီးကြပ်သူများကို ထပ်မံခန့်အပ်ထားပါစေ။ သူသည် အီဂျစ်ပြည်၌ဝပြောသောနှစ် ခုနစ်နှစ်တွင် ဂျုံစပါးငါးပုံတစ်ပုံကို ကောက်ယူပါစေ။
ယောသပ်က လူတို့အား “ယနေ့ ငါသည် သင်တို့နှင့်သင်တို့၏မြေကို ဖာရောမင်းကြီးအဖို့ ဝယ်ယူပြီ။ သင်တို့သည် မျိုးစေ့ကိုယူ၍ မြေ၌ စိုက်ပျိုးကြလော့။
သူတို့ကလည်း “သခင်သည် အကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပါပြီ။ အကျွန်ုပ်တို့သည် သခင့်ရှေ့၌ မျက်နှာရပါစေသော။ အကျွန်ုပ်တို့သည် ဖာရောမင်းကြီးထံကျွန်ခံကြပါမည်”ဟု လျှောက်ကြ၏။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။
နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။
တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။
နှစ်စဉ်နှစ်တိုင်း လယ်ယာမှထွက်သမျှ ကောက်ပဲသီးနှံတို့ကို ဆယ်ဖို့တစ်ဖို့မပျက်မကွက်ပေးရမည်။
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။