Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 47:24 - Common Language Bible

24 စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ရိတ် သိမ်း ချိန် တွင် ငါး ဖို့ တစ် ဖို့ ကို ဖာ ရော မင်း အား ဆက် သွင်း၍ လေး ဖို့ မူ ကား မျိုး စိုက် ပျိုး စေ ရန် လည်း ကောင်း၊ သင် တို့ မှ စ၍ သူ ငယ် တို့ နှင့် အိမ် သူ အိမ် သား တို့ သုံး ဆောင် စေ ရန် လည်း ကောင်း၊ သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟု ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အသီးအနှံ​၏​ငါးပုံတစ်ပုံ​ကို ဖာရော​မင်းကြီး​အား​ဆက်သ​ရ​မည်​။ လေး​ပုံ​သည် လယ်ယာ​အတွက်​မျိုးစေ့​၊ သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​များ​မှစ၍ သင်​တို့​၏​ကလေး​များ​စားသုံး​ရန်​အတွက်​အစားအစာ ဖြစ်​ရ​မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 47:24
14 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။


သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။


အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။


ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-


ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-


ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-


ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။


ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။


မြေ​ယာ​မှ​ထွက်​သော​အ​သီး​အ​နှံ သို့​မ​ဟုတ် သစ်​သီး​ဆယ်​ပုံ​တစ်​ပုံ​သည် ထာ​ဝ​ရ​ဘု​ရား နှင့်​ဆိုင်​၏။-


မွေး​မြူ​ထား​သော​နွား၊ သိုး၊ ဆိတ်၊ တို့​ကို​ရေ​တွက် လော့။ ယင်း​တို့​အ​နက်​ဆယ်​ကောင်​လျှင်​တစ် ကောင်​ကျ​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-


``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-


``သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​၏​အ​သီး​အ​နှံ ထဲ​မှ ဆယ်​ဖို့​တစ်​ဖို့​ကို​လေဝိ​အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ​နှင့် မု​ဆိုး​မ​များ​အား​ပေး​ကမ်း​လော့။ ဤ​နည်း အား​ဖြင့်​သူ​တို့​သည် မိမိ​တို့​နေ​ထိုင်​ရာ​အ​ရပ် တွင် ဝ​လင်​စွာ​စား​သောက်​ရ​ကြ​လိမ့်​မည်။ ထို သို့​ပေး​ကမ်း​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား အား၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ