Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 47:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သူ​တို့​က​လည်း “​သခင်​သည် အကျွန်ုပ်​တို့​၏​အသက်​ကို​ကယ်တင်​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါစေသော​။ အကျွန်ုပ်​တို့​သည် ဖာရော​မင်းကြီး​ထံ​ကျွန်ခံ​ကြ​ပါ​မည်​”​ဟု လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို သူ တို့ က၊ အ ရှင် သည် ကျွန် တော် မျိုး တို့ အ သက် ကို ဆယ် ခဲ့ ပါ ပြီ။ မျက် နှာ သာ ရ လျက် ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည် ဟု လျှောက် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သူ​တို့​က​လည်း၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့ အ​သက်​ကို​ကယ်​ပါ​ပြီ။ သ​နား​သော​စိတ်​နှင့်​ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ဖာ​ရော​ဘု​ရင်၏​ကျွန်​ခံ​ရ​ပါ​မည်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 47:25
11 ပူးပေါင်းရင်းမြစ်များ  

“​အကျွန်ုပ်​၏​အရှင်​တို့​၊ အကျွန်ုပ်​သည် အရှင်​၏​ရှေ့​၌ မျက်နှာရ​သည်​ဆို​လျှင် အရှင်​၏​အစေအပါး​ကို​ကျော်​မ​သွား​ပါ​နှင့်​။


စေတမန်​တို့​သည် ယာကုပ်​ထံသို့​ပြန်ရောက်​လာ​၍ “​အကျွန်ုပ်​တို့​သည် သခင်​၏​အစ်ကို​ဧသော​ထံသို့​ရောက်​ခဲ့​ပါ​ပြီ​။ သူ​သည်​လည်း သခင်​နှင့်​တွေ့ဆုံ​ရန် လူ​လေး​ရာ​နှင့်အတူ လာ​နေ​ပါ​သည်​”​ဟု လျှောက်​ကြ​၏​။


ဧသော​က​လည်း “​ငါ​၌​ရှိ​သော​လူ​အချို့​ကို သင်​နှင့်​ထားခဲ့​ပါရစေ​”​ဟု ဆို​လျှင် ယာကုပ်​က “​အဘယ်​အတွက်​နည်း​။ အကျွန်ုပ်​သည် သခင့်​ရှေ့​၌ ဤမျှ​မျက်နှာရ​ပါ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။


ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။


အသီးအနှံ​၏​ငါးပုံတစ်ပုံ​ကို ဖာရော​မင်းကြီး​အား​ဆက်သ​ရ​မည်​။ လေး​ပုံ​သည် လယ်ယာ​အတွက်​မျိုးစေ့​၊ သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​များ​မှစ၍ သင်​တို့​၏​ကလေး​များ​စားသုံး​ရန်​အတွက်​အစားအစာ ဖြစ်​ရ​မည်​”​ဟု ဆို​၏​။


ဤသို့ဖြင့် ငါးပုံတစ်ပုံ​သည် ဖာရော​မင်းကြီး​အပိုင်​ဖြစ်​၏​ဟု ယောသပ်​စီရင်​ခဲ့​သော​စည်းမျဉ်းဥပဒေ​သည် အီဂျစ်​ပြည်​၌ ယနေ့​တိုင်အောင်​တည်​၏​။ ယဇ်ပုရောဟိတ်​တို့​၏​မြေ​ကို​ကား ဖာရော​မင်းကြီး​မ​ပိုင်​ပေ​။


သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။


သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။


ရုသ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် သခင့်​ရှေ့​တွင် မျက်နှာရ​ပါစေ​။ အကျွန်ုပ်​သည် သခင်​၏​ကျွန်မ​တစ်​ဦး​မ​ဟုတ်​သော်လည်း သခင်​သည် အကျွန်ုပ်​အား ကြင်နာ​စွာ​စကားဆို​၍​နှစ်သိမ့်​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ