ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
ကမ္ဘာဦး 47:23 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်က လူတို့အား “ယနေ့ ငါသည် သင်တို့နှင့်သင်တို့၏မြေကို ဖာရောမင်းကြီးအဖို့ ဝယ်ယူပြီ။ သင်တို့သည် မျိုးစေ့ကိုယူ၍ မြေ၌ စိုက်ပျိုးကြလော့။ Common Language Bible ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။- Garrad Bible ပြည် သူ ပြည် သား တို့ အား ယော သပ် က၊ မြေ နှင့် တ ကွ သင် တို့ ကို ဖာ ရော မင်း အ ဖို့ ယ ခု ဝယ် ပြီ။ မျိုး စေ့ ကို ယူ၍ စိုက် ပျိုး ကြ လော့။ Judson Bible ယောသပ်ကလည်း၊ သင်တို့နှင့်သင်တို့မြေကို ဖာရောမင်းဖို့ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။ |
ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။
ယဇ်ပုရောဟိတ်တို့သည် ဖာရောမင်းကြီးထံမှအစားအစာရရှိသည်ဖြစ်၍ သူတို့သည် ဖာရောမင်းကြီးပေးသော အစားအစာကိုစားရကြသောကြောင့် မိမိတို့၏မြေကိုမရောင်းကြပေ။ ထို့ကြောင့် သူတို့၏လယ်ကိုကား ယောသပ် မဝယ်ပေ။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။
နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။