ထိုအခါ ယောသပ်က “ငွေကုန်လျှင် သင်တို့၏တိရစ္ဆာန်တို့ကိုယူခဲ့ကြလော့။ သင်တို့၏တိရစ္ဆာန်အစား စားစရာကို သင်တို့အားငါပေးမည်”ဟု ဆိုလေ၏။
ကမ္ဘာဦး 47:17 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့သည် မိမိတို့၏တိရစ္ဆာန်တို့ကို ယောသပ်ထံသို့ယူဆောင်လာကြ၏။ ထိုအခါ ယောသပ်သည် မြင်းများ၊ သိုးဆိတ်နွား စသည့်တိရစ္ဆာန်များ၊ မြည်းများအစား စားစရာကို သူတို့အားပေးလေ၏။ ထိုနှစ်၌ ယောသပ်သည် သူတို့ယူဆောင်လာသောတိရစ္ဆာန်အားလုံးကို အစားအစာနှင့်လဲလှယ်ပေးလေ၏။ Common Language Bible သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။ Garrad Bible ယော သပ် သည် မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း များ အ စား စ ပါး ကို ပေး သ ဖြင့် ထို နှစ် တွင် တိ ရ စ္ဆာန် ရှိ သ မျှ တို့ နှင့် လဲ ၍ ပြည် သား များ ကို ကျွေး မွေး ၏။ Judson Bible သူတို့သည်တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကိုကျွေးမွေး၏။ |
ထိုအခါ ယောသပ်က “ငွေကုန်လျှင် သင်တို့၏တိရစ္ဆာန်တို့ကိုယူခဲ့ကြလော့။ သင်တို့၏တိရစ္ဆာန်အစား စားစရာကို သင်တို့အားငါပေးမည်”ဟု ဆိုလေ၏။
ထိုနှစ်ကုန်ပြီး ဒုတိယနှစ်၌ သူတို့သည် ယောသပ်ထံသို့ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင့်အား မည်သည့်အရာကိုမျှမထိမ်ဝှက်ထားပါ။ အကျွန်ုပ်တို့ငွေကုန်ပါပြီ။ အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည်လည်း သခင့်ဥစ္စာဖြစ်ပါပြီ။ သခင့်ရှေ့၌ အကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်မြေမှတစ်ပါး မည်သည့်အရာမျှမကျန်တော့ပါ။
အီဂျစ်ပြည်နှင့် ကောမြို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှဝယ်ယူတင်သွင်းပေးကြ၏။
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
ထာဝရဘုရားလက်တော်သည် လယ်၌ရှိသည့် မြင်းများ၊ မြည်းများ၊ ကုလားအုတ်များ၊ နွားများ၊ သိုးဆိတ်များ စသည့် သင်တို့၏တိရစ္ဆာန်များအပေါ် အလွန်ဆိုးရွားသောကပ်ရောဂါဘေး ကျရောက်စေမည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။