ကမ္ဘာဦး 47:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုအခါ ယောသပ်က “ငွေကုန်လျှင် သင်တို့၏တိရစ္ဆာန်တို့ကိုယူခဲ့ကြလော့။ သင်တို့၏တိရစ္ဆာန်အစား စားစရာကို သင်တို့အားငါပေးမည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ယော သပ် က၊ တိ ရ စ္ဆာန် များ ကို သွင်း ကြ။ ငွေ ကုန် လျှင် တိ ရ စ္ဆာန် အ စား ငါ ပေး မည် ဟု ဆို သည့် အ တိုင်း တိရ စ္ဆာန် များ ကို သွင်း ရာ အခန်းကိုကြည့်ပါ။Judson Bible16 ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကိုပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သူတို့သည် မိမိတို့၏တိရစ္ဆာန်တို့ကို ယောသပ်ထံသို့ယူဆောင်လာကြ၏။ ထိုအခါ ယောသပ်သည် မြင်းများ၊ သိုးဆိတ်နွား စသည့်တိရစ္ဆာန်များ၊ မြည်းများအစား စားစရာကို သူတို့အားပေးလေ၏။ ထိုနှစ်၌ ယောသပ်သည် သူတို့ယူဆောင်လာသောတိရစ္ဆာန်အားလုံးကို အစားအစာနှင့်လဲလှယ်ပေးလေ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။