ကမ္ဘာဦး 47:17 - Common Language Bible17 သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ယော သပ် သည် မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း များ အ စား စ ပါး ကို ပေး သ ဖြင့် ထို နှစ် တွင် တိ ရ စ္ဆာန် ရှိ သ မျှ တို့ နှင့် လဲ ၍ ပြည် သား များ ကို ကျွေး မွေး ၏။ အခန်းကိုကြည့်ပါ။Judson Bible17 သူတို့သည်တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကိုကျွေးမွေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သို့ဖြစ်၍ သူတို့သည် မိမိတို့၏တိရစ္ဆာန်တို့ကို ယောသပ်ထံသို့ယူဆောင်လာကြ၏။ ထိုအခါ ယောသပ်သည် မြင်းများ၊ သိုးဆိတ်နွား စသည့်တိရစ္ဆာန်များ၊ မြည်းများအစား စားစရာကို သူတို့အားပေးလေ၏။ ထိုနှစ်၌ ယောသပ်သည် သူတို့ယူဆောင်လာသောတိရစ္ဆာန်အားလုံးကို အစားအစာနှင့်လဲလှယ်ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။-
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-