အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
ကမ္ဘာဦး 47:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ယောသပ်သည် မိမိဖခင်၊ မိမိညီအစ်ကိုတို့မှစ၍ ဖခင်၏အိမ်သူအိမ်သားအားလုံးတို့၌ရှိသော ကလေးအရေအတွက်အလိုက် အစားအစာထောက်ပံ့၏။ Common Language Bible ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။ Garrad Bible အ ဘ မှ စ၍ ညီ အစ် ကို တို့ နှင့် အိမ် ထောင် သား ချင်း အ ပေါင်း တို့ ကို သူ ငယ် များ ပါ ဦး ရေ အ လိုက် ကျွေး မွေး ၏။ Judson Bible အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။ |
အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။
ထိုအရပ်၌ အဖေ့ကို အကျွန်ုပ်ကျွေးမွေးပြုစုပါမည်။ သို့မဟုတ်လျှင် အဖေမှစ၍ အဖေ၏အိမ်သူအိမ်သားများနှင့်အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် ပျက်စီးဆုံးရှုံးကြရလိမ့်မည်။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေး၏’ဟူ၍ မှာလိုက်ကြောင်း ပြောကြလော့။
မြေကြီးပေါ်၌ သင်တို့အသက်ရှင်ကျန်ရစ်စေရန် သင်တို့ကိုထိန်းသိမ်းစောင့်ရှောက်မည့်အကြောင်း၊ ကြီးစွာသောကယ်တင်ခြင်းဖြင့် သင်တို့အသက်ချမ်းသာရာရစေမည့်အကြောင်း ဘုရားသခင်သည် အကျွန်ုပ်ကို သင်တို့ထက်အလျင် စေလွှတ်တော်မူ၏။
ထို့နောက် ယောသပ်သည် ဖာရောမင်းကြီးထံသို့သွား၍ “အကျွန်ုပ်၏ဖခင်နှင့်ညီအစ်ကိုတို့သည် မိမိတို့၏သိုးဆိတ်များ၊ နွားများမှစ၍ သူတို့ပိုင်ဆိုင်သောအရာအားလုံးတို့နှင့်တကွ ခါနာန်ပြည်မှဂေါရှင်အရပ်သို့ ယခုရောက်လာကြပါပြီ”ဟု လျှောက်ဆို၏။
အီဂျစ်ပြည်၏နယ်နိမိတ်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင်ရှိသော လူတို့ကို မြို့များသို့ပြောင်းရွှေ့စေ၏။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
သို့ဖြစ်၍ မကြောက်ကြနှင့်။ သင်တို့နှင့်သင်တို့၏ကလေးများကို အကျွန်ုပ်ကျွေးမွေးမည်”ဟု ဆိုလျက် သူတို့အားနှစ်သိမ့်၍ ကြင်နာစွာစကားပြောလေ၏။
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
သူ့ဖခင်အမျိုးအနွယ်၏ဘုန်းအသရေဖြစ်သည့် သားမြေးများ၊ အဆွယ်အပွားများ၊ သေးငယ်သောတန်ဆာပလာများဖြစ်သည့် အင်တုံတန်ဆာပလာများမှစ၍ အိုးခွက်တန်ဆာပလာအားလုံးကို သူ၌ချိတ်ထားကြလိမ့်မည်။
နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများဖြစ်ကြ၏။
အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။
တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။
သင့်ကို ချစ်၍ သင့်အဖို့ သားခုနစ်ယောက်ထက်သာ၍ကောင်းသော သင့်ချွေးမသည် ထိုသူငယ်ကို မွေးဖွားလေပြီ။ ထိုသူငယ်သည် သင့်စိတ်ကိုပြန်လည်လန်းဆန်းစေသူ၊ သင်အိုမင်းရင့်ရော်သောအခါ သင့်ကို ကြည့်ရှုစောင့်ရှောက်သူ ဖြစ်ပါစေ”ဟု ဆိုကြ၏။