ကမ္ဘာဦး 47:12 - Common Language Bible12 ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 အ ဘ မှ စ၍ ညီ အစ် ကို တို့ နှင့် အိမ် ထောင် သား ချင်း အ ပေါင်း တို့ ကို သူ ငယ် များ ပါ ဦး ရေ အ လိုက် ကျွေး မွေး ၏။ အခန်းကိုကြည့်ပါ။Judson Bible12 အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထို့ပြင် ယောသပ်သည် မိမိဖခင်၊ မိမိညီအစ်ကိုတို့မှစ၍ ဖခင်၏အိမ်သူအိမ်သားအားလုံးတို့၌ရှိသော ကလေးအရေအတွက်အလိုက် အစားအစာထောက်ပံ့၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။-
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-