အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 45:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​သည်​ကျွန်ုပ်​အား​ဤ​အ​ရပ်​သို့​ရောင်း​ချ မိ​သော​ကြောင့်​စိတ်​မ​ညှိုး​ငယ်​ကြ​ပါ​နှင့်။ မိ​မိ တို့​ကိုယ်​ကို​လည်း​အ​ပြစ်​မ​တင်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​သက် ကို​ကယ်​ဆယ်​ခြင်း​ငှာ သင်​တို့​အ​လျင်​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ခဲ့​ခြင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ကျွန်ုပ် ကို ဤ ပြည် သို့ ရောင်း လိုက် သည့် အ တွက် ကိုယ် ကို အ ပြစ် တင်၍ ညှိုး ငယ် သော စိတ် မ ရှိ ကြ နှင့်။ ဘု ရား သ ခင် သည် သ တ္တ၀ါ တို့ အ သက် ဆက် စေ ရန် အစ် ကို တို့ အ ရင် ကျွန်ုပ် ကို စေ လွှတ် တော် မူ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 45:5
21 ပူးပေါင်းရင်းမြစ်များ  

မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


သူ​တို့​က​လည်း “​သခင်​သည် အကျွန်ုပ်​တို့​၏​အသက်​ကို​ကယ်တင်​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် သခင့်​ရှေ့​၌ မျက်နှာရ​ပါစေသော​။ အကျွန်ုပ်​တို့​သည် ဖာရော​မင်းကြီး​ထံ​ကျွန်ခံ​ကြ​ပါ​မည်​”​ဟု လျှောက်​ကြ​၏​။


ယောသပ်​က​လည်း “​မ​ကြောက်​ကြ​နှင့်​။ အကျွန်ုပ်​သည် ဘုရားသခင်​ကို ကိုယ်စားပြု​နိုင်​သလော​။


သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။


သို့ဖြစ်၍ မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်​သင်​တို့​၏​ကလေး​များ​ကို အကျွန်ုပ်​ကျွေးမွေး​မည်​”​ဟု ဆို​လျက် သူ​တို့​အား​နှစ်သိမ့်​၍ ကြင်နာ​စွာ​စကားပြော​လေ​၏​။


စင်စစ် သင်​သည် ဆိတ်ကွယ်​ရာ​၌ ဤ​အမှု​ကို ပြု​ခဲ့​၏​။ ဤ​အမှု​ကို အစ္စရေး​တစ်မျိုးလုံး​ရှေ့​၊ နေ့အချိန်​တွင်ပင် ငါ​ဖော်ပြ​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။


ထိုအခါ အဗရှလုံ​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​က “​အာခိ​လူမျိုး ဟုရှဲ​ပေး​သော​အကြံ​သည် အဟိသောဖေလ​ပေး​သော​အကြံ​ထက် ကောင်း​သည်​”​ဟု ထောက်ခံ​ကြ​၏​။ အကြောင်းမှာ အဗရှလုံ​ကို ဘေး​တွေ့​စေ​မည့်​အကြောင်း အဟိသောဖေလ​ပေး​သော​အကြံ​ပျက်ပြား​ရန် ထာဝရဘုရား စီစဉ်​တော်မူ​ပြီ​။


ဤ​အချိန်​တွင် သင်​နှုတ်ဆိတ်​နေ​မည်​ဆိုပါက ဂျူး​လူမျိုး​တို့​ကို လွတ်မြောက်​အောင် ကယ်တင်​ပေး​မည့်​သူ​သည် အခြား​တစ်နေရာ​မှ​ပေါ်လာ​လိမ့်မည်​။ သင်​နှင့်​သင့်​ဖခင်​အမျိုးအနွယ်​မူကား ပျက်စီး​ရ​လိမ့်မည်​။ ဤ​အချိန်​ကာလ​အတွက် သင်​သည် မိဖုရား​ဖြစ်လာ​ခဲ့​သလော​ဟု အဘယ်သူ သိ​နိုင်​မည်နည်း​”​ဟု မှာကြား​လိုက်​၏​။


“​ငါ​သည် အဝတ်မပါ​ဘဲ အမိ​ဝမ်း​ထဲမှ​ထွက်လာ​၏​။ အဝတ်မပါ​ဘဲ ပြန်သွား​ရ​တော့​မည်​။ ထာဝရဘုရား ပေးသနား​တော်မူ​၏​။ ထာဝရဘုရား ပြန်​ရုပ်သိမ်း​တော်မူ​၏​။ ထာဝရဘုရား​၏​နာမ​တော်​သည် မင်္ဂလာရှိ​ပါစေ​သတည်း​”​ဟု ဆို​လေ​၏​။


ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။


ဤသည်ကား စာတန်​သည် ငါ​တို့​အပေါ်​အမြတ်​မ​ထုတ်​စေရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။


ထို့ကြောင့် ယခု​အခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်လွှတ်​၍ နှစ်သိမ့်​ပေး​သင့်​၏။ သို့မဟုတ်လျှင် သူ​သည် ကြီးစွာ​သော​ဝမ်းနည်း​ခြင်း​၌ နစ်မွန်း​သွား​လိမ့်မည်။


သူ​သည် သင်​နှင့် ခေတ္တ​ခဏ​ကွဲကွာ​ခဲ့​ခြင်း​မှာ သင်​သည် သူ့​ကို ထာဝစဉ်​ရရှိ​နိုင်​ရန်​အတွက် ဖြစ်ကောင်းဖြစ်​လိမ့်မည်။


သူ​တို့​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ပြီးလျှင် မိမိ​တို့​အိမ်​ရှိ​ရာ ရာမ​မြို့​သို့ ပြန်​လာ​ကြ​၏​။ ထို့နောက်တွင် ဧလကာန​သည် မိမိ​၏​မယား​ဟန္န​နှင့်​ဆက်ဆံ​၏​။ ထာဝရဘုရား​သည်​လည်း ဟန္န​ကို အောက်မေ့​တော်မူ​သဖြင့်