ကမ္ဘာဦး 45:5 - Common Language Bible5 သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ရောင်းချ မိသောကြောင့်စိတ်မညှိုးငယ်ကြပါနှင့်။ မိမိ တို့ကိုယ်ကိုလည်းအပြစ်မတင်ကြပါနှင့်။ ဘုရားသခင်သည်လူအပေါင်းတို့၏အသက် ကိုကယ်ဆယ်ခြင်းငှာ သင်တို့အလျင်ကျွန်ုပ် အားစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible5 သို့ ရာ တွင် ကျွန်ုပ် ကို ဤ ပြည် သို့ ရောင်း လိုက် သည့် အ တွက် ကိုယ် ကို အ ပြစ် တင်၍ ညှိုး ငယ် သော စိတ် မ ရှိ ကြ နှင့်။ ဘု ရား သ ခင် သည် သ တ္တ၀ါ တို့ အ သက် ဆက် စေ ရန် အစ် ကို တို့ အ ရင် ကျွန်ုပ် ကို စေ လွှတ် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible5 သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။