၂ ရာ 12:12 - မြန်မာ့စံမီသမ္မာကျမ်း12 စင်စစ် သင်သည် ဆိတ်ကွယ်ရာ၌ ဤအမှုကို ပြုခဲ့၏။ ဤအမှုကို အစ္စရေးတစ်မျိုးလုံးရှေ့၊ နေ့အချိန်တွင်ပင် ငါဖော်ပြမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သင်သည်ထိုအပြစ်ကိုဆိတ်ကွယ်ရာ၌ပြု ခဲ့၏။ ငါမူကားဣသရေလအမျိုးသား တစ်ရပ်လုံးတွေ့မြင်နိုင်ရန် ထိုအမှုကိုနေ့ ခင်းကြောင်တောင်၌ဖြစ်ပွားစေမည်' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible12 သင် သည် ဤ အ မှု ကို လျှို့ တ ဝှက် ပြု၏။ ငါ မူ ကား နေ အ လင်း တွင် ဣ သ ရေ လ လူ မျိုး မျက် မှောက် ထင် ထင် စီ ရင် မည် ဟူ သော ဗျာ ဒိတ် တော် ကို ဆင့် ဆို လေ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သင်သည် ဤအမှုကို မထင်မရှားပြုသော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ပြန်ကြားလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။