ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
ကမ္ဘာဦး 45:21 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။ Common Language Bible ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။- Garrad Bible ဣ သ ရေ လ သား တို့ လိုက် နာ၍ ယော သပ် လည်း လှည်း များ နှင့် လမ်း ရိ က္ခာ များ ကို ပေး၏။ Judson Bible ဣသရေလ၏သားတို့သည်ပြု၍၊ ယောသပ်သည်လှည်းတို့ကိုလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်များကိုလည်းကောင်းပေး၏။ |
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။
သူတို့သည် ယောသပ်ပြောသောစကားအလုံးစုံကို ယာကုပ်အားပြောပြပြီး သူ့ကိုခေါ်ဆောင်ရန်အတွက် ယောသပ်ပေးလိုက်သောလှည်းများကိုမြင်သောအခါမှ သူတို့၏ဖခင်ယာကုပ်သည် သတိပြန်ဝင်လာလေ၏။
ထို့နောက် ယာကုပ်သည် ဗေရရှေဘအရပ်မှထသွားလေ၏။ ယာကုပ်ကိုခေါ်ဆောင်ရန်အတွက် ဖာရောမင်းကြီးပေးလိုက်သောလှည်းများဖြင့် အစ္စရေး၏သားတို့သည် မိမိတို့ဖခင်ယာကုပ်နှင့်တကွ ကလေးများ၊ မိန်းမများကိုခေါ်ဆောင်သွားကြ၏။
ဤသို့ဖြင့် ယောရှိမင်းကြီး၏အမိန့်တော်အတိုင်း ပသခါပွဲတော်ကြီးကို ကျင်းပရန်နှင့် ထာဝရဘုရား၏ယဇ်ပလ္လင်တော်အပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရန်အတွက် ထာဝရဘုရားနှင့်ဆိုင်သောဝတ်အလုံးစုံတို့ကို ထိုနေ့တွင် အဆင်သင့်ပြင်ဆင်ကြ၏။
မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။
ငါဆိုသည်ကား “ဘုရားသခင်၏ရှေ့တော်၌ကျိန်ဆိုထားသည်ဖြစ်၍ ရှင်ဘုရင်၏အမိန့်ကိုနာခံလော့။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။
သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာတော်မူသည့် အမိန့်တော်အတိုင်း မောရှေသည် သူတို့ကို ရေတွက်လေ၏။