ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
ကမ္ဘာဦး 45:20 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။ Common Language Bible သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။ Garrad Bible ကိုယ့် ဥ စ္စာ ပ စ္စည်း များ ကို မ ခင် တွယ် ကြ နှင့်။ အိ ဂျစ် တစ် ပြည် လုံး၏ စီး ပွား ချမ်း သာ သည် သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟူ၍ ဆို လော့။ ငါ အ မိန့် ရှိ သည် ဟု ယော သပ် အား မိန့် ဆို သည် နှင့် အ ညီ၊ Judson Bible သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့်တော်ရှိသည်အတိုင်း၊ |
ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။
သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ ငွေ၊ သို့မဟုတ် ပစ္စည်းကို ထိန်းသိမ်းပေးရန်အပ်ထားရာ သူခိုးသည် ၎င်းတို့ကို အပ်ထားသောအိမ်မှခိုးယူ၍ သူ့ကိုဖမ်းမိလျှင် သူသည် နှစ်ဆအလျော်ပေးရမည်။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
သို့သော် သူတို့ကို ငါသနား၏။ တောကန္တာရတွင် မဖျက်ဆီးခဲ့။ အဆုံးမစီရင်ခဲ့။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
အခြားသူတို့ကိုလည်း “သူ့နောက်သို့လိုက်၍ မြို့လယ်ခေါင်မှ လူတို့ကိုသတ်လော့။ သူတို့ကို လုံးဝမသနားနှင့်၊ မညှာတာနှင့်။
လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။
ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။
သူ့ကို မသနားရ။ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ သို့မှသာ သင်ကောင်းစားမည်။
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဒါဝိဒ်က မိမိလူတို့အား “ကိုယ့်ဓားကိုယ် အသီးသီးစွဲကိုင်ကြလော့”ဟု ဆိုလျှင် သူတို့သည် ကိုယ့်ဓားကိုယ်စွဲကိုင်၍ ဒါဝိဒ်သည်လည်း မိမိဓားကိုစွဲကိုင်၏။ လူလေးရာခန့်သည် ဒါဝိဒ်နောက်သို့လိုက်၍ လူနှစ်ရာခန့်မှာ ပစ္စည်းစောင့်ရန်ကျန်နေခဲ့၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့စကားကို မည်သူနားထောင်မည်နည်း။ စစ်တိုက်သွားသောသူရသောဝေစုအတိုင်း ပစ္စည်းစောင့်ကျန်ခဲ့သောသူကိုလည်း ညီတူညီမျှဝေစုခွဲဝေပေးရမည်”ဟု ဆို၏။