အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
ကမ္ဘာဦး 45:16 - မြန်မာ့စံမီသမ္မာကျမ်း “ယောသပ်၏ညီအစ်ကိုတို့ရောက်နေကြ၏”ဟု ပြောဆိုသောသတင်းကို နန်းတော်မှဖာရောမင်းကြီး ကြားသောအခါ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် နှစ်သက်သဘောကျကြ၏။ Common Language Bible ယောသပ်၏ညီအစ်ကိုတို့ရောက်ရှိလာသောသတင်း ကိုကြားရသောအခါ ဖာရောဘုရင်နှင့်မှူးမတ် အပေါင်းတို့သည်နှစ်ထောင်းအားရကြ၏။- Garrad Bible ယော သပ် ညီ အစ် ကို တို့ ရောက် လာ ကြောင်း နန်း တော်၌ သ တင်း ကြား ရာ ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း တို့ သည် နှစ် သက် ကြ၍၊ Judson Bible ယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။ |
အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။
ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
ထိုအကြံဉာဏ်ကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့သည် နှစ်သက်သဘောကျကြ၏။
ယောသပ်သည် မိမိ၏အစ်ကိုအပေါင်းတို့ကိုလည်းနမ်း၍ ငိုကြွေးလေ၏။ ထို့နောက်မှ သူ၏ညီအစ်ကိုတို့သည် သူနှင့်စကားပြောကြ၏။
ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “သင်၏ညီအစ်ကိုတို့အား ‘ဤသို့ပြုကြလော့။ သင်တို့၏တိရစ္ဆာန်တို့ကိုဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားကြလော့။
လူအပေါင်းတို့သည် ရှင်ဘုရင်ပြုသမျှကို သဘောကျနှစ်သက်ကြသည့်အတိုင်း ဤသို့ဒါဝိဒ်မင်းကြီးကျိန်ဆိုသည်ကိုလည်း နှစ်သက်လျက် မှတ်သားထားကြလေ၏။
ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။
ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
ထိုစကားကို အစုအဝေးတစ်ခုလုံးနှစ်သက်သဖြင့် သူတို့သည် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှဂျူးဘာသာဝင်ဖြစ်လာသူ နိကောလတို့ကို ရွေးကောက်ပြီး
ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။
ဘုရားသခင်သည် လမ်းခရီး၌ သင်တို့ရှေ့မှကြွလျက် သင်တို့စခန်းချဖို့နေရာကို စူးစမ်းတော်မူ၍ သင်တို့သွားရမည့်လမ်းကို ညအချိန်၌ မီးအားဖြင့်၊ နေ့အချိန်၌ မိုးတိမ်အားဖြင့် ပြပေးတော်မူခဲ့၏။