Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 45:16 - Common Language Bible

16 ယော​သပ်​၏​ညီ​အစ်​ကို​တို့​ရောက်​ရှိ​လာ​သော​သ​တင်း ကို​ကြား​ရ​သော​အ​ခါ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ် အ​ပေါင်း​တို့​သည်​နှစ်​ထောင်း​အား​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ယော သပ် ညီ အစ် ကို တို့ ရောက် လာ ကြောင်း နန်း တော်၌ သ တင်း ကြား ရာ ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း တို့ သည် နှစ် သက် ကြ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယော​သပ်​အစ်​ကို​တို့​သည်​ရောက်​လာ​ကြ​ပြီ​ဟု နန်း​တော်၌​သ​တင်း​ကြား၍၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​တို့​သည်​နှစ်​သက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 “​ယောသပ်​၏​ညီအစ်ကို​တို့​ရောက်​နေ​ကြ​၏​”​ဟု ပြောဆို​သော​သတင်း​ကို နန်းတော်​မှ​ဖာရော​မင်းကြီး ကြား​သောအခါ ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​သည် နှစ်သက်​သဘောကျ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 45:16
15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က``သူ​သည်​သင်​၏​ကျွန်​မ​ဖြစ်​၍​သင့် လက်​ထဲ​၌​ရှိ​သည်။ သူ့​အား​သင်​ပြု​လို​ရာ​ပြု နိုင်​သည်'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​စာ​ရဲ​သည် ဟာ​ဂ​ရ​အား​မ​နေ​နိုင်​လောက်​အောင်​ညှင်း​ဆဲ သ​ဖြင့် ဟာ​ဂ​ရ​ထွက်​ပြေး​လေ​သည်။


အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-


ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-


``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-


ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-


ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။


ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​ညီ​အစ်​ကို တို့​အား မြည်း​များ​ပေါ်​တွင်​ပစ္စည်း​များ​တင်​ဆောင် ၍​ခါ​နာန်​ပြည်​သို့​ပြန်​စေ​ပြီး​လျှင်၊-


ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ သည်​နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ အ​မှန်​စင် စစ်​သူ​တို့​သည်​မင်း​ကြီး​ပြု​သ​မျှ​သော အ​မှု​တို့​ကို​နှစ်​သက်​ကြ​သည်​သာ​တည်း။-


မင်း​ကြီး​နှင့်​ပြည်​သူ​တို့​သည်​မိ​မိ​တို့ အ​ကြံ​အ​စည်​ကို​နှစ်​သက်​ကြ​သ​ဖြင့်၊-


မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည် ဤ​စ​ကား​ကို နှစ်​သက်​သ​ဘော​ကျ​ကြ​၏။ သို့​ဖြစ်​၍​မင်း ကြီး​သည်​မ​မု​ကန်​အ​ကြံ​ပေး​သည့် အ​တိုင်း​ပြု​တော်​မူ​၏။-


ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။


ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။


ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။-


သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ