သခင့်အစေအပါးတို့ထဲမှ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကိုတွေ့လျှင် သူသည် သေဒဏ်သင့်ပါစေ။ အကျွန်ုပ်တို့သည်လည်း သခင့်ထံ၌ ကျွန်ခံပါမည်”ဟု ဆိုကြ၏။
ကျွန်တော်တို့အနက်တစ်ယောက်ယောက်ထံ ၌ထိုဖလားကိုတွေ့လျှင် ထိုသူသည်သေ ဒဏ်သင့်ပါစေ။ ကျန်သောကျွန်တော်တို့သည် လည်းအရှင့်ထံ၌ကျွန်ခံပါမည်'' ဟုဆို လေ၏။
ကျွန် တော် မျိုး တို့ အ နက် အ ကြင် သူ့ ထံ တွေ့ အံ့။ ထို သူ့ ကို အ ဆုံး စီ ရင် ပါ။ ကြွင်း သူ တို့ လည်း အ ရှင့် ထံ ကျွန် ခံ ပါ မည် ဟု လျှောက် ကြ၏။
ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်ဟု ဆိုကြ၏။
ဦးရီး၏ဘုရားတို့ကို တစ်စုံတစ်ဦးထံ၌ရှာတွေ့လျှင် ထိုသူကိုအသက်ချမ်းသာမပေးပါနှင့်။ အကျွန်ုပ်တို့ဆွေမျိုးသားချင်းများရှေ့တွင် ဦးရီးကိုယ်တိုင်ရှာကြည့်၍ အကျွန်ုပ်ထံ၌ ဦးရီးဥစ္စာရှိလျှင် ပြန်ယူပါ”ဟု လာဗန်အားဆိုလေ၏။ ထိုရုပ်တုတို့ကို ရာခေလခိုးကြောင်း ယာကုပ်မသိ။
သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင်
အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။
အကယ်၍ အကျွန်ုပ်သည်ပြစ်မှားပြီး သေဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ခုကို ပြုမိခဲ့ပါက သေရမည်ကို အကျွန်ုပ်မငြင်းပါ။ သို့သော် အကျွန်ုပ်ကို ဤသူတို့စွပ်စွဲနေသောအရာများသည် တစ်စုံတစ်ခုမျှ မဟုတ်မမှန်လျှင် မည်သူမျှ အကျွန်ုပ်ကို သူတို့လက်သို့ မအပ်နိုင်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်ပါမည်”ဟု လျှောက်လေ၏။