ကမ္ဘာဦး 44:8 - မြန်မာ့စံမီသမ္မာကျမ်း8 အကျွန်ုပ်တို့၏အိတ်ဝ၌တွေ့ရှိခဲ့သောငွေကို ခါနာန်ပြည်မှ သခင့်ထံသို့ပြန်ယူလာခဲ့ပါ၏။ အကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်၏အရှင်သခင်အိမ်မှ ရွှေ၊ ငွေကိုခိုးယူရမည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible8 ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible8 ယ ခင် အိတ် ဝ တွင် တွေ့ ရှိ သော ငွေ ကို ခါ နာန် ပြည် မှ အ ရှင့် ထံ တစ် ဖန် ဆောင် ခဲ့ ပါ လျက် နှင့် ကိုယ် တော် သ ခင့် အိမ်၌ ရွှေ ငွေ ကို မည် သို့ ခိုး ယူ ပါ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible8 ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင်