သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
ကမ္ဘာဦး 43:9 - မြန်မာ့စံမီသမ္မာကျမ်း သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။ Common Language Bible ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။- Garrad Bible ကျွန် တော် သည် သူ့ အ တွက် အာ မ ခံ ပါ၏။ ကျွန် တော့် လက် တွင် သူ့ ကို တောင်း ပါ။ အ ဘ ထံ ပြန်၍ မ အပ် လျှင် အ ဘ ကို ပြစ် မှား သူ တစ် သက် လုံး ဖြစ် ပါ စေ။ Judson Bible ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍မဆောင်၊ အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။ |
သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
အကျွန်ုပ်တို့သည် ဤမျှလောက်တုံ့ဆိုင်းမနေခဲ့လျှင် နှစ်ကြိမ်ပြန်ရောက်နိုင်လောက်ပြီ”ဟု ဆိုလေ၏။
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
တေကောမြို့သူ ထိုအမျိုးသမီးကလည်း ရှင်ဘုရင်အား “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏မိသားစု၌သာ အပြစ်ရောက်ပါစေသော။ ရှင်ဘုရင်နှင့် သူ၏ရာဇပလ္လင်မူကား အပြစ်ကင်းပါစေသော”ဟု လျှောက်၏။
သို့မဟုတ်လျှင် အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက်တွင် အကျွန်ုပ်နှင့် အကျွန်ုပ်၏သားရှောလမုန်သည် ရာဇဝတ်သားများ ဖြစ်ရပါလိမ့်မည်”ဟု လျှောက်တင်လေ၏။
ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။
ကိုယ်တော့်အစေအပါး၏ကောင်းကျိုးချမ်းသာအတွက် အာမခံပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမနှိပ်စက်ကြပါစေနှင့်။
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
သို့သော် ကင်းစောင့်သည် ဓားဘေးကျရောက်မည်ကို သိမြင်သော်လည်း တံပိုးကိုမမှုတ်ဘဲနေ၍ ပြည်သားတို့သည် သတိပေးခြင်းမခံရသဖြင့် ဓားဘေးကျရောက်၍ သူတို့အသက်ဆုံးသွားလျှင် သူသည် အပြစ်ကြောင့် သေသွားရသော်လည်း သူ့အသက်ကို ကင်းစောင့်ထံ ငါပြန်တောင်းမည်’ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူအား ငါက ‘အချင်းဆိုးယုတ်သောသူ၊ သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့်ပင် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်လှည့်စေရန် သင်သည် သူ့ကိုသတိမပေးလျှင် သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သူ့အသက်ကို သင့်ထံ ငါပြန်တောင်းမည်။
ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။