ထိုအခါ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် ဂျုံစပါးဝယ်ယူရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
ကမ္ဘာဦး 42:2 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။ Common Language Bible အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။- Garrad Bible အိ ဂျစ် ပြည် တွင် စ ပါး ရှိ ကြောင်း ငါ ကြား ရ ပြီ။ ငါ တို့ မ သေ၊ အ သက် ရှင် ကြ စေ ရန် ထို ပြည် သို့ သွား ရောက် ဝယ် ခဲ့ ကြ လော့ ဟူ ၍ လည်း ကောင်း၊ ဆို သည့် အ တိုင်း၊ Judson Bible အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊ |
ထိုအခါ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် ဂျုံစပါးဝယ်ယူရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
အီဂျစ်ပြည်မှ သူတို့ယူဆောင်လာသောစားနပ်ရိက္ခာကိုစား၍ကုန်သောအခါ ဖခင်ကသူတို့အား “တစ်ဖန်သွား၍ ငါတို့အတွက် အစားအစာအနည်းငယ်ကို ဝယ်ယူကြလော့”ဟု ဆို၏။
အကျွန်ုပ်တို့၏ညီကို အကျွန်ုပ်တို့နှင့်အတူလွှတ်လျှင် အဖေ့အတွက် အစားအစာကို အကျွန်ုပ်တို့သွား၍ဝယ်ယူပါမည်။
ယုဒကလည်း မိမိ၏ဖခင်အစ္စရေးအား “အဖေမှစ၍ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ကလေးတို့သည် မသေဘဲ အသက်ရှင်မည့်အကြောင်း သူငယ်ကို အကျွန်ုပ်နှင့်အတူလွှတ်ပါလော့။ အကျွန်ုပ်တို့သည်ထ၍ သွားကြပါမည်။
အကျွန်ုပ်၏ဖခင်ထံသို့အလျင်အမြန်ပြန်သွားကြ၍ ဖခင်အား အဖေ့သားယောသပ်က ‘ဘုရားသခင်သည် အကျွန်ုပ်ကို အီဂျစ်ပြည်တစ်ပြည်လုံး၏သခင်အရာ၌ ခန့်ထားတော်မူပြီ။ အကျွန်ုပ်ထံသို့လာပါလော့။ အချိန်မဆွဲနှင့်။
ငါမသေရသေးဘဲ အသက်ရှင်လျက် ထာဝရဘုရားပြုတော်မူသောအမှုတို့ကို ပြောကြားဦးမည်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌ သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။
ထိုကာလ၌ ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် သူ့ထံသို့လာ၍ “သင်သေရမည်။ သင်အသက်ရှင်ရတော့မည်မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံဆန်ရှိကြောင်းကြား၍ ငါတို့၏ဘိုးဘေးများကို ပထမအကြိမ်စေလွှတ်ခဲ့၏။