Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 45:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကျွန်ုပ်​၏​ဖခင်​ထံသို့​အလျင်အမြန်​ပြန်သွား​ကြ​၍ ဖခင်​အား အဖေ့​သား​ယောသပ်​က ‘​ဘုရားသခင်​သည် အကျွန်ုပ်​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၏​သခင်​အရာ​၌ ခန့်ထား​တော်မူ​ပြီ​။ အကျွန်ုပ်​ထံသို့​လာ​ပါ​လော့​။ အချိန်​မ​ဆွဲ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ယ​ခု​သင်​တို့​သည်​ဖ​ခင်​ထံ​သို့​အ​လျင်​အ​မြန် သွား​၍ ဖ​ခင်​အား`ဘု​ရား​သ​ခင်​သည်​သား ယော​သပ်​အား အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​ရ​သော​မင်း​အ​ရာ​၌​ခန့်​ထား​တော် မူ​ပြီ။ သား​ထံ​သို့​အ​မြန်​လာ​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ဘ ထံ သို့ အ မြန် သွား၍ ကြား ပြော ရ မည် မှာ ဘု ရား သ ခင် သည် ကျွန် တော် ကို အိ ဂျစ် နိုင် ငံ ချုပ် မင်း အ ရာ၌ ခန့် ထား တော် မူ ပါ ပြီ။ မ ဆိုင်း မ လင့် ဘဲ ကျွန် တော့် ထံ လာ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​လျင်​အ​မြန်​ထ၍ အ​ဘ​ထံ​သို့​သွား​ကြ​လော့။ အ​ဘ​အား​လည်း၊ သား​ယော​သပ်​က၊ ဘု​ရား​သ​ခင်​သည် ကျွန်ုပ်​ကို အဲ​ဂု​တ္တု​ပြည်​လုံး​သ​ခင်​ဖြစ်​စေ​တော်​မူ​ပြီ။ ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မ​ဆိုင်း​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 45:9
4 ပူးပေါင်းရင်းမြစ်များ  

အဖေ​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ရ​မည်​။ အဖေ​နှင့်တကွ အဖေ​၏​သားသမီး​များ​၊ မြေး​များ​၊ သိုးဆိတ်​များ​၊ နွားအုပ်​များ​၊ အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် အကျွန်ုပ်​အနား​တွင်​ရှိ​ရ​မည်​။


အီဂျစ်​ပြည်​၌ အကျွန်ုပ်​ရ​သော​ဂုဏ်သရေ​ရှိသမျှ​နှင့် သင်​တို့​တွေ့မြင်​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​၏​ဖခင်​အား​ပြောပြ​ရ​မည်​။ သင်​တို့​သည် အလျင်အမြန်​သွား​၍ အကျွန်ုပ်​၏​ဖခင်​ကို ဤ​အရပ်​သို့​ခေါ်ဆောင်​ခဲ့​ရ​မည်​”​ဟု ဆို​လေ​၏​။


ထို့နောက် ယောသပ်​သည် လူ​လွှတ်​၍ မိမိ​၏​ဖခင်​ယာကုပ်​နှင့်တကွ ခုနစ်ဆယ့်​ငါး​ယောက်​ရှိ​သော ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ