သူတို့ကလည်း “ထိုသို့မဟုတ်ပါ၊ သခင်၊ သခင့်အစေအပါးတို့သည် အစားအစာဝယ်ယူရန်သာ ရောက်လာကြခြင်းဖြစ်ပါ၏။
သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။-
သူ တို့ က၊ မ ဟုတ် ရ ပါ။ အ ရှင် ဘု ရား၊ ကျွန် တော် မျိုး တို့ သည် စ ပါး ဝယ် ရန် သက် သက် ရောက် လာ ကြ ပါ ၏။
သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှာသာလာကြပါ၏။
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
ဣဇက်ကလည်း “ကြည့်ရှုလော့။ ငါသည် သူ့ကို သင်၏အရှင်သခင်ဖြစ်စေပြီ။ သူ၏ညီအစ်ကိုအပေါင်းတို့ကိုလည်း သူ၏အစေအပါးဖြစ်စေပြီ။ ကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်တို့ဖြင့်လည်း သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင့်အတွက် ငါဘာလုပ်ပေးနိုင်ဦးမည်နည်း”ဟု ဧသောအားပြန်ပြော၏။
သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။
သခင့်အစေအပါးတို့ထဲမှ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကိုတွေ့လျှင် သူသည် သေဒဏ်သင့်ပါစေ။ အကျွန်ုပ်တို့သည်လည်း သခင့်ထံ၌ ကျွန်ခံပါမည်”ဟု ဆိုကြ၏။
ဩဗဒိထွက်သွားစဉ် လမ်းတွင် ဧလိယနှင့်ဆုံ၏။ သူသည် ဧလိယကို မှတ်မိသဖြင့် သူ့ရှေ့တွင်ပျပ်ဝပ်ကာ “အကျွန်ုပ်၏အရှင် ဧလိယပါတကား”ဟု ဆို၏။
ရှောလုမင်းကြီးသည် ဒါဝိဒ်၏အသံကို မှတ်မိသဖြင့် “ဤအသံသည် ငါ့သား ဒါဝိဒ်၏အသံ မဟုတ်လော”ဟု အော်မေးရာ ဒါဝိဒ်က “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ အကျွန်ုပ်အသံ ဟုတ်ပါ၏။