Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 42:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကျွန်ုပ်​တို့​အားလုံး​သည် ဖခင်​တစ်ဦးတည်း​၏​သား​များ​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ သခင့်​အစေအပါး​အကျွန်ုပ်​တို့​သည် သူလျှို​မ​ဟုတ်​ပါ​”​ဟု ယောသပ်​အား​လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ကျွန်​တော်​တို့​သည်​ဖခင်​တစ်​ဦး​တည်း​မှ​ပေါက် ဖွား​သော​ညီ​အစ်​ကို​များ​ဖြစ်​ကြ​ပါ​သည်။ ကိုယ်​တော်​ကျွန်​တို့​သည်​သူ​လျှို​များ​မ​ဟုတ် ပါ။ ရိုး​သား​သူ​များ​ဖြစ်​ကြ​ပါ​သည်'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ကျွန် တော် မျိုး ရှိ သ မျှ တို့ သည် တစ် ဘ တည်း သား၊ လူ ရိုး လူ ကောင်း များ ဖြစ် ကြ ပါ ၏။ သူ လျှို မ ဟုတ် ရ ပါ ဟု လျှောက် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 42:11
8 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယောသပ်​က သူ​တို့​အား “​မ​ဟုတ်​ပါ​။ သင်​တို့​သည် ဤ​ပြည်​၏​အားနည်းချက်​ကို​စူးစမ်း​ရန် ရောက်လာ​ကြ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။


သင်​တို့​၏​စကား​မှန်​သည်​၊ မမှန်​သည်​ကို​စစ်ဆေး​ရန် သင်​တို့​သည် အကျဉ်းချ​ခံရ​မည်​။ သို့သော် သင်​တို့​ထဲမှ တစ်​ယောက်​ကို​စေလွှတ်​၍ သူ​သည် သင်​တို့​၏​ညီ​ကို​ခေါ်ဆောင်​လာ​ပါစေ​။ သို့မဟုတ်လျှင် သင်​တို့​သည် သူလျှို​များ​ဖြစ်​ကြ​သည်​ဟု ဖာရော​မင်းကြီး​အသက်ရှင်​သည်​နှင့်အညီ ငါ​ပြော​သည်​”​ဟု သူ​တို့​အား ဆို​ပြီးလျှင်


သင်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်လျှင် သင်​တို့​ထဲမှ​ညီအစ်ကို​တစ်​ယောက်​ကို အကျဉ်းထောင်​ထဲ၌ အကျဉ်းချ​ခံ​စေ​။ ကျန်သောသူ​တို့​မူကား ပြန်သွား​ကြ​လော့​။ အစာခေါင်းပါး​သောကြောင့် သင်​တို့​၏​အိမ်သူအိမ်သား​တို့​အတွက် စားနပ်ရိက္ခာ​ကို​ယူသွား​ကြ​လော့​။


သို့သော်လည်း အကျွန်ုပ်​တို့​က သူ့​အား ‘​အကျွန်ုပ်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​။ သူလျှို​မ​ဟုတ်​ပါ​။


သူ​တို့​က​လည်း “​ထို​သူ​က ‘​သင်​တို့​၏​ဖခင်​အသက်ရှင်​သေး​သလော​။ သင်​တို့​၌​ညီ​ရှိ​သလော​’​ဟု ဆို​လျက် အကျွန်ုပ်​တို့​အကြောင်း​၊ အကျွန်ုပ်​တို့​၏​ဆွေမျိုးသားချင်း​အကြောင်း​ကို စေ့စေ့စပ်စပ်​မေးမြန်း​သောကြောင့် အကျွန်ုပ်​တို့​သည် ထို​စကား​များ​အလိုက် သူ့​ကို​ပြန်ဖြေ​ရ​ပါ​၏​။ ‘​သင်​တို့​ညီ​ကို​ခေါ်ဆောင်​ခဲ့​လော့​’​ဟု သူ​ပြော​လိမ့်မည်​ကို အကျွန်ုပ်​တို့​အမှန်သိ​နိုင်​ပါ​မည်လော​”​ဟု ပြန်ပြော​ကြ​၏​။


မိမိ​ဆန္ဒ​အလျောက်​ဟောပြော​သော​သူ​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ရှာ​တတ်​၏။ မိမိ​ကို​စေလွှတ်​သော​အရှင်​၏​ဘုန်း​အသရေ​ကို​ရှာ​သော​သူ​မူကား ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မတရားမှု​မ​ရှိ။


အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ