ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
ကမ္ဘာဦး 41:54 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။ Common Language Bible ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။- Garrad Bible ယော သပ် ပြော ခဲ့ သည့် အ တိုင်း အ စာ ခေါင်း ပါး သော နှစ် များ အ စ ဖြစ် လျက် ခပ် သိမ်း သော ပြည် များ၌ အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သော် လည်း အိ ဂျစ် ပြည် တွင် ဆန် စ ပါး ရှိ ၏။ Judson Bible ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသောနှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။ |
ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။
ထို့နောက်မှ ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်ဖြစ်လာလိမ့်မည်။ ထိုအခါ အီဂျစ်ပြည်၌ဝပြောခဲ့သမျှကိုမေ့လျော့ကြလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် တစ်ပြည်လုံးကိုဖျက်ဆီးလိမ့်မည်။
တစ်ဖန် ယာကုပ်က “အီဂျစ်ပြည်၌စားနပ်ရိက္ခာရှိကြောင်း ငါကြားရပြီ။ ငါတို့သည်မသေဘဲ အသက်ရှင်မည့်အကြောင်း ထိုပြည်သို့ဆင်းသွား၍ အစားအစာကို ဝယ်ယူကြလော့”ဟု ဆို၏။
ထိုအရပ်၌ အဖေ့ကို အကျွန်ုပ်ကျွေးမွေးပြုစုပါမည်။ သို့မဟုတ်လျှင် အဖေမှစ၍ အဖေ၏အိမ်သူအိမ်သားများနှင့်အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် ပျက်စီးဆုံးရှုံးကြရလိမ့်မည်။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေး၏’ဟူ၍ မှာလိုက်ကြောင်း ပြောကြလော့။
ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ပို၍ဆိုးရွားလာသောကြောင့် အပြည်ပြည်၌ စားစရာမရှိတော့ပေ။ ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် အီဂျစ်ပြည်နှင့်ခါနာန်ပြည်သည် ဆင်းရဲဒုက္ခခံရလေ၏။
ထို့နောက် ဧလိရှဲက သူအသက်ပြန်ရှင်စေခဲ့သောသူငယ်၏မိခင်အား “သင်နှင့်သင့်အိမ်သူအိမ်သားတို့ ထ၍ထွက်သွားကြပါ။ သင်တည်းခိုနေထိုင်နိုင်မည့်နေရာတွင် တည်းခိုနေထိုင်ပါ။ ထာဝရဘုရားသည် ဤပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်စေမည်။ တစ်ပြည်လုံး ခုနစ်နှစ်အစာခေါင်းပါးမည်”ဟု ပြော၏။
တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။
ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။