ထောင်မှူးသည် အကျဉ်းထောင်ထဲ၌ရှိသောအကျဉ်းသားအားလုံးကို ယောသပ်လက်သို့အပ်၍ ထောင်ထဲ၌ဆောင်ရွက်စရာရှိသမျှတို့ကို ယောသပ်ဆောင်ရွက်ရ၏။
ကမ္ဘာဦး 41:41 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဖာရောမင်းကြီးက ယောသပ်အား “အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် သင့်ကိုငါခန့်ထားပြီ”ဟု မိန့်ဆိုပြီးလျှင် Common Language Bible ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။- Garrad Bible အိ ဂျစ် တစ် ပြည် လုံး အ ပေါ် တွင် သင့် ကို ငါ ခန့် ထား ပြီ ဟူ ၍ လည်း ကောင်း ယော သပ် အား မိန့် တော် မူ ပြီး လျှင်၊ Judson Bible တစ်ဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တစ်ပြည်လုံးကို သင်အုပ်စိုးစေခြင်းငှာ ငါခန့်ထားပြီဟု ယောသပ်အားမိန့်တော်မူလျက်၊ |
ထောင်မှူးသည် အကျဉ်းထောင်ထဲ၌ရှိသောအကျဉ်းသားအားလုံးကို ယောသပ်လက်သို့အပ်၍ ထောင်ထဲ၌ဆောင်ရွက်စရာရှိသမျှတို့ကို ယောသပ်ဆောင်ရွက်ရ၏။
ထိုသို့ သခင်သည် မိမိအိမ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့အားအပ်နှံသောအချိန်မှစ၍ ထာဝရဘုရားသည် ယောသပ်အားဖြင့် ထိုအီဂျစ်အမျိုးသား၏အိမ်ကိုကောင်းချီးပေးတော်မူသဖြင့် သူ၏အိမ်၊ သူ၏လယ်ယာတို့၌ရှိသောအရာအားလုံးတို့အပေါ် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသက်ရောက်လေ၏။
ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။
ထိုအချိန်၌ ယောသပ်သည် တိုင်းပြည်ကိုအုပ်စိုးသောဘုရင်ခံဖြစ်ပြီး ပြည်သူပြည်သားအပေါင်းတို့အား အစားအစာရောင်းချပေးသောသူဖြစ်၏။ ယောသပ်၏အစ်ကိုတို့သည်ရောက်လာ၍ သူ့ရှေ့၌ မြေမှာပျပ်ဝပ်ကြ၏။
သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
မိမိ၏နန်းတော်တွင် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သောအရာရှိသမျှတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။
ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
အကြောင်းမူကား ထိုလူငယ်သည် မိမိ၏နိုင်ငံတွင်ဆင်းရဲသောသူအဖြစ်မွေးဖွားလာသော်လည်း နန်းစံရန်အတွက် အကျဉ်းထောင်မှထွက်လာခဲ့သူဖြစ်၏။
ထို့နောက် ရှင်ဘုရင်သည် ဒံယေလအား ရာထူးတိုးမြှင့်ပေး၍ လက်ဆောင်များစွာကို ပေး၏။ သူ့အား ဘေဘီလုံပညာရှိတို့အထက်၌ ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ ဘေဘီလုံနယ်မြေတစ်ဝန်းလုံးကို အုပ်စိုးစေ၏။
ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။