အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ကမ္ဘာဦး 40:4 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်လက်သို့အပ်သဖြင့် ယောသပ်သည် သူတို့ကိုကြည့်ရှုစောင့်ရှောက်ရ၏။ ထိုသူတို့သည် ရက်အတန်ကြာ အကျဉ်းချခံရကြ၏။ Common Language Bible သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။ Garrad Bible ကိုယ် ရံ တော် မှူး ကြီး ကြပ် ကြည့် ရှု စေ သည့် အ တိုင်း ထို သူ တို့ ကို ယော သပ် ပြု စု ရ လေ၏။ သူ တို့ လည်း ကာ လ အ တော် ကြာ အ ကျဉ်း ခံ နေ ရ ကြ ၏။ Judson Bible ကိုယ်ရံတော်မှူးသည် သူတို့ကိုယောသပ်၌အပ်၍၊ ယောသပ်သည် ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက်နေရကြ၏။ |
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။
ထို့ကြောင့် ထိုမင်းမှုထမ်းတို့ကို ယောသပ်အချုပ်အနှောင်ခံရာအကျဉ်းထောင်ဖြစ်သည့် ကိုယ်ရံတော်မှူးအိမ်၌ အကျဉ်းချထားလေ၏။
အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
သင်ပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုးစားလော့။ သို့ပြုလျှင် ကိုယ်တော်စီရင်ဆောင်ရွက်တော်မူလိမ့်မည်။