ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ကမ္ဘာဦး 40:2 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။ Common Language Bible ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊- Garrad Bible ဖာ ရော မင်း သည် အ မတ် ဖြစ် သူ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ အ ပေါ် တွင် အ မျက် ထွက်၍၊ Judson Bible ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊ |
ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။
အရှင်ဖာရောမင်းကြီး၊ အရှင်သည် အစေအပါးတို့ကိုအမျက်ထွက်၍ အကျွန်ုပ်နှင့်စားတော်ဝန်ကို ကိုယ်ရံတော်မှူး၏အိမ်၌ အကျဉ်းချထားပါ၏။
ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။ သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
အမျက်ဒေါသသည် ရက်စက်၍ အမျက်သည် လွှမ်းမိုးတတ်၏။ သို့သော် မနာလိုဝန်တိုမှုရှေ့၌ မည်သူခံရပ်နိုင်မည်နည်း။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။