ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။
ကမ္ဘာဦး 4:18 - မြန်မာ့စံမီသမ္မာကျမ်း ဧနောက်သည် သားဣရဒ်ကိုရ၏။ ဣရဒ်သည် သားမဟုယေလကိုရ၏။ မဟုယေလသည် သားမသုရှလကိုရ၏။ မသုရှလသည် သားလာမက်ကိုရ၏။ Common Language Bible ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။- Garrad Bible ဧ နောက် သား ကား ဣ ရဒ်၊ ဣ ရဒ် သား ကား မ ဟု ယေ လ၊ မ ဟု ယေ လ သား ကား မ သု ရှ လ၊ မ သု ရှ လ သား ကား လာ မက် တည်း။ Judson Bible ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။ |
ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။
ထို့နောက် ကာဣနသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် ကိုယ်ဝန်ဆောင်၍ ဧနောက်ကိုမွေးဖွားလေ၏။ ကာဣနသည် မြို့ကို တည်သောအခါ မိမိသား၏အမည်ကိုအစွဲပြု၍ ထိုမြို့၏အမည်ကို ဧနောက်မြို့ ဟုခေါ်၏။
လာမက်သည် မိန်းမနှစ်ယောက်ကို မိမိမယားအဖြစ်ယူလေ၏။ တစ်ယောက်၏အမည်မှာ အာဒ ဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ဇိလ ဖြစ်၏။