ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
ကမ္ဘာဦး 38:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။ Common Language Bible ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။ Garrad Bible ရှု ကြည့် သော် ယု ဒ က၊ သား ရှေ လ နှင့် ငါ မ ထိမ်း မြား သ ဖြင့် သူ သည် ငါ့ ထက် ဖြောင့် မတ် ပေ သည် ဟု ဆို၍ နောက် တစ် ဖန် သူ နှင့် ဆက် ဆံ ခြင်း မ ရှိ။ Judson Bible ထိုဥစ္စာကိုယုဒမှတ်မိ၍ သူ့၏အပြစ်ထက် ငါ့အပြစ်သာ၍ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟုပြောဆို၏။ နောက်တစ်ဖန် သူ့ကိုမချဉ်းကပ်ဘဲနေ၏။ |
ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။
ထို့နောက် လူသည် မိမိမယားဧဝနှင့်ဆက်ဆံသဖြင့် ဧဝသည် ကိုယ်ဝန်ဆောင်၍ ကာဣနကိုမွေးဖွားပြီးလျှင် “ငါသည် ထာဝရဘုရားထံတော်မှ သားတစ်ဦးကိုရရှိပြီ”ဟု ဆိုလေ၏။
ထို့နောက် အဗရှလုံအတွက် ခေါင်မိုးပြင်တွင် တဲဆောင်ထိုးကြပြီး အဗရှလုံသည် အစ္စရေးတစ်မျိုးလုံး၏မျက်စိရှေ့တွင်ပင် ခမည်းတော်ချန်ထားသောမောင်းမတို့ထံ ဝင်လေ၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ယခုမှာ သင်ကိုယ်တိုင်ကြုံတွေ့ရပြီဖြစ်၍ သင်ပင်ပန်းနေရပြီ။ သင်ထိခိုက်ခံနေရပြီဖြစ်၍ သင်ထိတ်လန့်နေရပြီ။
အကျွန်ုပ်သည် တစ်ကြိမ် နှစ်ကြိမ်မက ပြောဆိုမိပါပြီ။ ယခုမှာ နောက်ထပ်မပြောတော့ပါ”ဟု ပြန်လျှောက်၏။
ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။
ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။
ထာဝရဘုရားသည် ငါ့ကို သင့်လက်သို့အပ်နှံသော်လည်း သင်သည် ငါ့ကိုမသတ်ဘဲ ကောင်းစွာပြုမူခဲ့ကြောင်းကို ယနေ့ သင်ထုတ်ဖော်ပြပြီ။