အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 38:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​အရပ်​၌ ယုဒ​သည် ရှုအာ​အမည်​ရှိ​သော ခါနာန်​လူမျိုး​တစ်​ယောက်​၏​သမီး​ကို​တွေ့မြင်​ပြီးလျှင် သူ​နှင့်​စုံဖက်​၍ သူ့​ထံသို့​ဝင်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ရပ်​တွင်​ယု​ဒ​သည် ခါ​နာန်​အ​မျိုး​သား ရှု​အာ​ဆို​သူ​၏​သ​မီး​ကို​တွေ့​မြင်​၍​ထိမ်း​မြား လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ ရပ် ၌ ရှု အာ အ မည် ရှိ သော ခါ နာန် ပြည် သား၏ သ မီး ကို တွေ့ မြင် လျှင် ခေါ် ယူ သင့် မြတ် သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ရပ်၌ ရှု​အာ​အ​မည်​ရှိ​သော၊ ခါ​နာန်​အ​မျိုး​သား၏​သ​မီး​ကို တွေ့​မြင်၍၊ အိမ်​ထောင်​ဖက်​ပြု​လျက်၊

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 38:2
13 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ


ထိုအခါ ဣဇက်​သည် ယာကုပ်​ကို​ခေါ်​၍ “​သင်​သည် ခါနာန်​အမျိုးသမီး​နှင့် အိမ်ထောင်​မ​ပြု​ရ​။


ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။


ထို​ပြည်​၏​မင်း​ဖြစ်​သော​ဟိဝိ​လူမျိုး​ဟာမော်​၏​သား ရှေခင်​သည် သူ့​ကို​မြင်​လျှင် ခေါ်ဆောင်​သွား​၍ သူ​နှင့်​အိပ်​ခြင်း​ဖြင့် သူ့​အသရေ​ကို​ရှုတ်ချ​လေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။


ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။


တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​နှင့်​ရှေလ တို့​ဖြစ်​ကြ​ပြီး ခါနာန်​အမျိုးသမီး ဗာသရှုအာ​သည် ထို​သား​သုံး​ဦး​ကို မွေးဖွား​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​သဖြင့် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​နှင့်​ဩနန် တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌ သေဆုံး​သွား​ကြ​၏​။


မ​ယုံကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​အကြား​၌ မည်သို့သော​ပတ်သက်​မှု​ရှိ​သနည်း။ အလင်း​နှင့်​အမှောင်​တို့​အကြား​၌ မည်သို့သော​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​သနည်း။


သူ​သည် မိဘ​ထံ ပြန်လာ​၍ “​အကျွန်ုပ်​သည် တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​ပါ​ပြီ​။ သူ့​ကို အကျွန်ုပ်​၏​မယား​အဖြစ် တောင်း​ပေး​ပါ​”​ဟု ဆို​၏​။


ရှံဆုန်​သည် ဂါဇ​မြို့​သို့​သွား​ရာ ထို​မြို့​တွင် ပြည့်တန်ဆာမ​တစ်ဦး​နှင့်​တွေ့​၍ သူ့​ထံ​ဝင်​လေ​၏​။