ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ကမ္ဘာဦး 37:8 - မြန်မာ့စံမီသမ္မာကျမ်း သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။ Common Language Bible အစ်ကိုတို့က``သင်ကငါတို့အပေါ်မှာမင်း ပြုလိုသလော။ ငါတို့ကိုအုပ်စိုးမည်လော''ဟု မေးလေ၏။ ထိုသို့ယောသပ်သည်သူ၏အိပ်မက် အကြောင်းကိုဖော်ပြမိသဖြင့် သူတို့ကသူ့ ကိုပို၍ရွံမုန်းကြ၏။ Garrad Bible အစ် ကို တို့ က သင် ကား၊ ငါ တို့ အ ပေါ် တွင် အ ကယ် စင် စစ် မင်း ပြု၍ အုပ် စိုး ရ မည် လော ဟု ပြန် ဆို လျက် သူ့ အိပ် မက် နှင့် စ ကား အ တွက် ကြောင့် သာ၍ ပင် မုန်း ထား ကြ၏။ Judson Bible အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။ |
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။
တစ်ဖန် ယောသပ်သည် ထပ်၍အိပ်မက်မက်ပြန်သဖြင့် မိမိအစ်ကိုတို့အား “အကျွန်ုပ်သည် ထပ်၍အိပ်မက်မက်ပြန်၏။ နေ၊ လနှင့် ကြယ်တစ်ဆယ့်တစ်လုံးတို့သည် အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ပြောပြလေ၏။
သူတို့ကလည်း “ထိုသို့မဟုတ်ပါ၊ သခင်၊ သခင့်အစေအပါးတို့သည် အစားအစာဝယ်ယူရန်သာ ရောက်လာကြခြင်းဖြစ်ပါ၏။
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
သင့်ဖခင်ပေးသောကောင်းချီးမင်္ဂလာတို့သည် ငါ့ဘိုးဘေးတို့ပေးသောကောင်းချီးမင်္ဂလာထက်၊ ရှေးတောင်ကုန်းတို့၌ရှိသောကောင်းချီးအဖြာဖြာထက် သာလွန်၏။ ထိုကောင်းချီးမင်္ဂလာတို့သည် ယောသပ်၏ခေါင်းပေါ်၌လည်းကောင်း၊ သူ့ညီအစ်ကိုတို့ထဲမှအကြီးအကဲတို့၏ဦးထိပ်ပေါ်၌လည်းကောင်း သက်ရောက်ပါစေသော။
ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။
ထိုသူက “မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲ၊ ငါတို့ကိုတရားစီရင်သူအဖြစ် ခန့်ထားသနည်း။ သင်သည် အီဂျစ်အမျိုးသားကိုသတ်သကဲ့သို့ ငါ့ကိုသတ်ရန်ကြံရွယ်သလော”ဟု ပြန်ပြော၏။ ထိုအခါ မောရှေသည် ကြောက်ရွံ့လျက် “အကယ်စင်စစ် ဤအမှုကို သိကြကုန်ပြီတကား”ဟု ဆိုလေ၏။
သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်လျက်“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏’ဟုရေးထားသောအရာသည် မည်သည့်အရာကိုဆိုလိုသနည်း။
ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
မြေကြီးရတနာ၊ မြေကြီး၏ကြွယ်ဝခြင်းအားဖြင့်လည်းကောင်း၊ မီးတောက်နေသောချုံပုတ်၌ကိန်းဝပ်တော်မူသောအရှင်၏ကျေးဇူးတော်အားဖြင့်လည်းကောင်း ယောသပ်၏ဦးခေါင်း၊ ညီအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောယောသပ်၏ဦးထိပ်ပေါ်၌ ထာဝရဘုရားထံတော်မှကောင်းချီးသက်ရောက်ပါစေသော။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
သို့သော် ဆိုးညစ်သောသူတို့က “ဤသူသည် ငါတို့ကို မည်သို့ကယ်တင်နိုင်မည်နည်း”ဟု ဆိုလျက် သူ့အား မထီမဲ့မြင်ပြုပြီး လက်ဆောင်ပဏ္ဏာကို မဆက်သဘဲနေကြ၏။ သို့သော် သူသည် ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။
ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။