ကမ္ဘာဦး 50:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ယောသပ်၏ညီအစ်ကိုတို့သည်လည်း ရောက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်လျက် “အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အစ် ကို တို့ လည်း ဝင်၍ ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး လျက် ကျွန် တော် တို့ သည် ကိုယ် တော့် ကျွန် ဖြစ် ကြ ပါ သည် ဟု လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible18 အစ်ကိုတို့သည်လည်းဝင်၍ ယောသပ်ရှေ့မှာပျပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန်ဖြစ်ကြပါသည်ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
‘သခင့်အပေါ်မကောင်းမှုပြုခဲ့သည့် သခင့်ညီအစ်ကိုတို့ကျူးလွန်ခဲ့သောအပြစ်ကို ခွင့်လွှတ်ပါလော့’ဟူ၍ သခင့်အားပြောကြားရန် မှာကြားခဲ့ပါ၏။ သို့ဖြစ်၍ သခင့်ဖခင်ကိုးကွယ်သည့်ဘုရားသခင်၏အစေအပါးဖြစ်သော အကျွန်ုပ်တို့ ကျူးလွန်မိသောအပြစ်များကို ခွင့်လွှတ်ပါလော့”ဟု လျှောက်စေ၏။ ထိုသို့လျှောက်ထားသောအခါ ယောသပ်သည် မျက်ရည်ကျလေ၏။