အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ကမ္ဘာဦး 37:35 - မြန်မာ့စံမီသမ္မာကျမ်း သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။ Common Language Bible သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။- Garrad Bible နှစ် သိမ့် စေ ရန် သား သ မီး အ ပေါင်း တို့ ခြံ ရံ ကြ သော် လည်း အ ဘ သည် နှစ် သိမ့် ခြင်း ကို အ လို မ ရှိ ဘဲ မ ရ ဏာ့ နိုင် ငံ သို့ ငါ့ သား ထံ မြည် တမ်း လျက် ဆင်း သက် တော့ မည် ဟု ဆို ၍ သား အ တွက် ငို ကြွေး နေ လေ ၏။ Judson Bible သားသမီးအပေါင်းတို့သည်၊ အဘကိုနှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟုဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့်ငိုကြွေးမြည်တမ်းလျက်နေလေ၏။ |
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
လာဗန်ကလည်း “ဤသမီးတို့သည် ငါ့သမီး၊ ဤကလေးတို့သည် ငါ့ကလေး၊ ဤသိုးဆိတ်တို့သည်လည်း ငါ့သိုးဆိတ် ဖြစ်ကြ၏။ သင်မြင်နေသမျှတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ ဤငါ့သမီးတို့အတွက်လည်းကောင်း၊ သူတို့မွေးဖွားသော သားသမီးများအတွက်လည်းကောင်း ယနေ့ ငါမည်သည့်အရာကိုပြုပေးနိုင်သနည်း။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
သို့သော်လည်း အကျွန်ုပ်တို့က သူ့အား ‘အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ အစ္စရေးက “လုံလောက်ပြီ။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွားတွေ့မည်”ဟု ဆိုလေ၏။
အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။
နန်းတွင်းသက်ကြီးဝါကြီးတို့သည် သူ့အနားတွင်လာရပ်၍ သူ့ကို မြေပြင်မှထူမပေးလိုသော်လည်း ဒါဝိဒ်မင်းကြီးကား အလိုမရှိ။ သူတို့နှင့်လည်း အစာမစားဘဲ နေ၏။
သို့သော် ယခုမှာ သူငယ် သေပြီဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်ရတော့မည်နည်း။ သူ့ကို ငါပြန်ခေါ်လာနိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ ငါ့ဆီ သူပြန်လာနိုင်တော့မည်မဟုတ်”ဟု မိန့်ဆို၏။
“ရှင်ဘုရင်သည် အဗရှလုံအတွက်ကြောင့် ငိုကြွေးမြည်တမ်းနေရပါပြီ”ဟု ယွာဘထံ သတင်းရောက်လာ၏။
ထို့ကြောင့် သူတို့၏ဖခင်ဧဖရိမ်သည် ရက်ပေါင်းများစွာငိုကြွေးမြည်တမ်း၏။ ထိုအခါ သူ့ညီအစ်ကိုတို့သည် သူ့ကိုလာရောက်နှစ်သိမ့်ပေးကြ၏။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။ ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ)
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။