ဧသောကလည်း “ငါသေလုပြီဖြစ်၍ ဤသားဦးအရိုက်အရာသည် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ကမ္ဘာဦး 37:26 - မြန်မာ့စံမီသမ္မာကျမ်း ယုဒက မိမိညီအစ်ကိုတို့အား “ငါတို့သည် ညီကိုသတ်ပြီး သတ်ကြောင်းကိုဖုံးကွယ်ထားလျှင် မည်သည့်အကျိုးရှိမည်နည်း။ Common Language Bible ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။- Garrad Bible ယု ဒ က၊ ညီ ကို သတ် ၍ အ သွေး သွန်း ကြောင်း ဝှက် ထား လျှင် မည် သည့် အ ကျိုး ရှိ မည် နည်း။ Judson Bible ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကိုဝှက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ |
ဧသောကလည်း “ငါသေလုပြီဖြစ်၍ ဤသားဦးအရိုက်အရာသည် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ထို့နောက် ထာဝရဘုရားက ကာဣနအား “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူလျှင် ကာဣနက “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရှောက်သူဖြစ်ပါသလော”ဟု ပြန်လျှောက်လေ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
အို မြေကြီး၊ ငါ့သွေးကို ဖုံးမထားပါနှင့်။ ငါ့အော်ဟစ်သံရပ်စဲရာအရပ်ဟူ၍ မရှိစေပါနှင့်။
အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့က စာလိပ်ကိုမီးမရှို့ရန် ရှင်ဘုရင်အား တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကိုနားမထောင်။
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။
ထိုမြို့တွင် လူအသက်သတ်သောသွေး စွန်းလျက်ရှိ၏။ ထိုသွေးသည် မြေပေါ်တွင်ကျသည်မဟုတ်။ ရှင်းလင်းနေသောကျောက်ပေါ်တွင် ကျ၏။ မြေမှုန့်နှင့် ဖုံး၍မရ။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။